အာဆင်နယ်အသင်းကတော့ အားနည်းချက်တွေကြောင့် ရမှတ်တွေ မလိုအပ်ပဲ ဆုံးရှုံးနေရတာပါ။

ကွင်းလယ်အတွက်ဆိုရင် ဂျိမ်းမီလ်နာလို ကစားသမားမျိုးနဲ့ နောက်တန်းမှာဆိုရင် ရေးပါလာလို ကစားသမားမျိုး ကိုခေါ်ယူနိုင်မှ တော်ကာ ကျလိမ့်မယ်လို့ ကမ်းဘဲလ်က သုံးသပ်ပေးခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဆိုးလ်ကမ်းဘဲလ်ကတော့ လက်ရှိ နည်းပြ အူနိုင်း ရင်ဆိုင်နေရတဲ့ ခံစစ်ပြဿနာကို ဖြေရှင်းနိုင်တာက အခြားသော ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ရေးပါလာလို လူမျိုးမှ ဖြေရှင်းပေးနိုင်မယ်လို့ အကြံပြု ပြောလာခဲ့တယ်လို့ Express သတင်းဌာနက ဖော်ပြလာပါတယ်။



အာဆင်နယ်အသင်းအနေနဲ့ ခံစစ် အားနည်းမှုကို ကာလအတန်ကြာ ခံစားနေရပြီး ဒီနှစ်ထဲမှာဆိုရင်လည်း လီဗာပူး၊ဝက်ဖို့ဒ်တို့နဲ့ပွဲမှာ ခံစစ် အားနည်းမှုတွေကြောင့် ရမှတ်တွေ ဆုံးရှုံးထားခဲ့ရတာပါ။

ဒီအချိန်မှာတော့ နောက်ခံလူဟောင်းကမ်းဘဲလ်က - “ ကွင်းလယ်ခေါင်းဆောင်မှုကောင်းပျောက်ဆုံးနေပြီး နေက်ခံနေရာမှာတော့ ရေးပါလာလို ကစားသမားမျိုးကို ရှာဖွေနိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်ပါမယ်။



ဘယ် လောက်ပဲ ခံစစ်ကောင်းနဲ့ တိုက်စစ်ကောင်းကို ပိုင်ဆိုင်ထားပါစေ ကွင်းလယ်က မကောင်းရင် အချည်း အနှီးပါပဲ၊ခံစစ်အားနည်းသည့်တိုင် ကွင်းလယ်တောင့်တင်းနေရင် အသင်းကအဆင်ပြေပါတယ်။” လို့ ကမ်းဘဲလ် ကထောက်ပြခဲ့ပါတယ်။

ကမ်းဘဲလ်က အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နေရာအတွက် လီဗာပူးအသင်းက ဂျိမ်းစ်မီလ်နာလို ကစားသ မားမျိုးကို ခေါ်ယူသင့်တယ်လို့ ထောာက်ပြခဲ့ပါသေးတယ်။

“ရေးပါလာနဲ့မီလ်နာတို့ရဲ့ တွေးခေါ်မှု စွမ်းရည်တွေကို ကြည့်လိုက်ပါ၊ ဒါက အာဆင်နယ်လိုအပ်နေတဲ့ လိုအပ် ချက်ပါပဲ” လို့ ကမ်းဘဲလ်က ပြောခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ဂျာမနီကလပ် ဖရန့်ဖတ်အသင်းနဲ့ ဒီကနေ့ညမှာ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က