ပဲလေ့စ်နဲ့ပွဲမှာ အူနိုင်းက အသုံးပြုခဲ့ပေမယ့် လူငယ်တွေထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို သူကိုင်တိုင် မပြသနိုင် ခဲ့လို့ အခုလို ခံစားနေရတာဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်ဖန်တီးရှင် အိုလ်ဇေးက သူ့အနေနဲ့ အာဆင်နယ်အသင်းအတွက် နောက်ဆုံးပွဲ ကစားပေးခဲ့ပြီလို့ စိတ်ထဲမှာ တွေးထင်နေခဲ့ပြီလို့ The Mirror သတင်းဌာနက ဖော်ပြလာပါတယ်။
အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီကတော့ အိုလ်ဇေးအနေနဲ့ အသင်းမှာရှိတဲ့ လူငယ်တွေထက် ပိုကောင်းတယ်ဆိုတာ မပြသနိုင်ခဲ့ဘူးလို့ ပြောလာပါတယ်။
လာမယ့်အပတ်မှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် အိုလ်ဇေးကို အာဆင်နယ်နည်းပြ အူနိုင်းက ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ အသုံးပြုခဲ့ပေမယ့်လည်း အိုလ်ဇေးကိုယ်တိုင်က ခြေစွမ်းကောင်းပျောက်ဆုံးနေခဲ့တာပါ။
အိုလ်ဇေးကတော့ အာဆင်နယ်က မထွက်ခွာချင်ပဲ လန်ဒန်မှာ နေထိုင်ရတာ အဆင်ပြေတယ်လို့ ပြောဆို ထားတာရှိပါတယ်။
ဒါပေမယ့်လည်း အိုလ်ဇေးရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ လေ့ကျင့်ရေးကွင်းအတွင်း စဉ်းစားတွေးခေါ်မှုတွေက နည်းပြ အူနိုင်း အတွက် အားမလိုအားမရ ဖြစ်နေစေတာလို့ သိရပါတယ်။
အိုလ်ဇေးကို မေဂျာလိဂ်ကလပ်အချို့က စိတ်ဝင်စားပေမယ့် မြင့်မားလွန်းတဲ့ လုပ်ခလစာကြောင့် ခေါ်ယူနိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။
အိုလ်ဇေးကတော့ ၂၀၁၃ ခုနှစ်က ရီးရဲကနေ အာဆင်နယ်ကို ပေါင် ၄၂.၅ သန်းနဲ့ ရောက်ရှိခဲ့ပြီး သူ့ရဲ့ အတောက်ပဆုံး နှစ်တွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၄ ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားရပြီးနောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်း လာခဲ့ပြီး အခုတော့ အသင်းက ထွက်ဖို့ အဆင့်ထိ ဖြစ်နေခဲ့ပါပြီ။