မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးဟာ ၎င်းရဲ့အသင်းဟောင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့အပယ်ခံဖြစ်နေတဲ့ အိုဇေးလ်ကို ခေါ်ယူသင့်တယ်လို့ ယုံကြည်နေကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။
ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ဟောင်း အိုဇေးလ်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ၅ ပွဲမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ နည်းပြသစ် အူနိုင်းအမ်မရီ မရောက်ရှိလာမီ ၄ လခန့်အလိုမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ တန်ကြေးရှိတဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပြီး နည်းပြအမ်မရီက ကစားသမားသစ်တွေခေါ်ယူဖို့ ငွေကြေးရရှိအောင် အိုဇေးလ်ကို ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ဆားဘီးယားမှာ ပါတီဇန်ဘဲလ်ဂရိတ်ကို အနိုင်ယူနိုင်ခဲ့ပေမယ့် အန်သိုနီမာရှယ်ရဲ့ ပင်နယ်တီကန်သွင်းယူမှုတစ်ခုတည်းသာ ဂိုးပေါက်ကန်သွင်းမှုရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းရဲ့ကွင်းလယ်ကို ဖန်တီးမှုအားကောင်းတဲ့ကစားသမားတွေ ခေါ်ယူလိုနေပြီး ပေါလ်စခိုးက အိုဇေးလ်က အဖြေဖြစ်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“မန်ချက်စတာယူနိုက်တက်က အိုဇေးလ်ကို အသင်းကို အတူတကွပေါင်းစည်းအောင် ချိတ်ဆက်ပေးနိုင်တဲ့ကစားသမားမျိုးနဲ့ တစ်ခုခုလုပ်နိုင်ပါလိမ့်မယ်”
“သူူ့မှာ အရမ်းကောင်းမွန်တဲ့အရည်အသွေးရှိပြီး အဲဒါကို သူ့ရဲ့ကစားသမားဘဝသက်တမ်းမှာ ပြသခဲ့ပြီးပါပြီ”
“သူက ရေတိုအတွက် အဖြေဖြစ်ပါလိမ့်မယ်။ ကျွန်တော် မသိပါဘူး။ နောက်ဆုံးမှာတော့ အဲဒါက သူ့ သဘောအတိုင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”
“ကျွန်တော် ဖြစ်လာလိမ့်မယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူက ယူနိုက်တက်အနေနဲ့ ကာလတိုဖြစ်ဖြစ် တစ်ခုခုလုပ်လို့ရနိုင်တဲ့ ကစားသမားမျိုးပါ”လို့ BT Sport ကို ပြောကြားခဲ့ပါတယ်။