အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး လီဂူးဝမ်းအသင်းဖြစ်တဲ့ ရန်းနက်စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ကြာဝေးကွာနေရတဲ့ အာဆင်နယ်အသင်းအတွက် ဝင်ခွင့်သေချာမှာဖြစ်ပါတယ်။
“အာစင်ဝင်းဂါးထွက်ခွာသွားပြီးတဲ့နောက် အသင်းမှာ အပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့် နည်းပြနဲ့ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ အများကြီးတိုးတက်လာပြီး အလုပ်တွေအများကြီးလုပ်နေပါတယ်”
“တကယ်လို့ ကျွန်တော်တို့ ချန်ပီယံလိဂ်ကိုသာ ပြန်လာနိုင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ အာဆင်နယ်လို အသင်းမျိုးဟာ ချန်ပီယံလိဂ်မှာ ကစားရမှာဖြစ်ပြီး အဲဒါကို အမြဲတမ်း ပွဲစဉ်ထဲမှာ ပြသသွားမှာပါ”
“ခင်ဗျား ယူရိုပါလိဂ်ဖလားကိုသာ ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ကို တန်းသွားလို့ ရပါပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ ပရီးမီးယားလိဂ်ကသာ ချန်ပီယံလိဂ်ကို သွားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဦးစားပေးလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။