ပွဲကစားချိန်နောက်ဆုံးမိနစ်မှာ ဘရိုက်တန်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မြူပေးဟာ မနေ့ကပွဲစဉ်မှာတော့ အဓိကဇာတ်လိုက်တစ်ဦးဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဘက်ကို အနိုင်ဂိုးသွင်းခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူးမြူပေးက အာဆင်နယ်အနေနဲ့ သူတို့အတွက် ထိုက်တန်တာကို ရရှိသွားခဲ့တယ်လို့ ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။ ပွဲကစားချိန်နောက်ဆုံးမိနစ်မှာ ဘရိုက်တန်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မြူပေးဟာ မနေ့ကပွဲစဉ်မှာတော့ အဓိကဇာတ်လိုက်တစ်ဦးဖြစ်ခဲ့ပါတယ်။
အာဆင်နယ်ဂိုးသမား လီနိုဟာလည်း မြူပေးနဲ့ ထိခိုက်မိခဲ့ပြီးနောက် ဒူးဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကာ လူစားလဲလှယ်ခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် နှစ်ဖက်အသင်းကြားမှာ တင်းမာမှုတွေရှိခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မြူပေးက ဂိုးသွင်းယူပြီး အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ကာ ပွဲအပြီးမှာတော့ အာဆင်နယ်ကစားသမားတွေနဲ့ ပြသနာတက်ခဲ့ပါတယ်။
လီနိုကတော့ မြူပေးနဲ့ထိခိုက်ပြီး ဒဏ်ရာရရှိခဲ့တဲ့အပေါ် တော်တော်လေးဒေါသထွက်ခဲ့ပြီးတော့ ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ချိန်မှာ အော်ဟစ်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ မြူပေးကတော့ သူ့အနေနဲ့ လီနိုကို ဒဏ်ရာရရှိစေဖို့ မရည်ရွယ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး ဒီဖြစ်ရပ်အတွက်လည်း တောင်းပန်စကားဆိုသွားခဲ့ပါတယ်။
"ပထမပိုင်းပြီးချိန်မှာ အာတီတာကို ကျွန်တော်သွားတောင်းပန်ခဲ့ပါတယ်၊ ဒဏ်ရာရစေဖို့အတွက် မရည်ရွယ်ခဲ့ပါဘူး၊ ဘောလုံးကို ခုန်ပြီးတော့ လုယူခဲ့ရုံပါ၊ လီနိုကိုလည်း ကျွန်တော်တောင်းပန်ပါတယ်၊ အာဆင်နယ်ကစားသမားတွေအနေနဲ့ နှိမ့်ချမှု၊ လေးစားမှုဆိုတာ ဘယ်လိုလဲဆိုတာကို သင်ယူရဦးမှာပါ၊ သူတို့တွေ အနိုင်ရချိန်မှာ မလိုအပ်ဘဲ စကားတွေအများကြီးပြောနေခဲ့ပါတယ်"
"သူတို့နဲ့ တန်တာကိုပဲ သူတို့ပြန်ရသွားခဲ့ပါတယ်၊ လီနိုကို နာကျင်စေခဲ့ဖို့အထိ ကျွန်တော်မရည်ရွယ်ခဲ့ပါဘူး၊ သူ့ကို နောက်ထပ်တစ်ကြိမ်တောင်းပန်ပါတယ်၊ သူအမြန်ဆုံးပြန်ကောင်းလာပါစေလို့လည်း ကျွန်တော်ဆုတောင်းပါတယ်" လို့ မြူပေးက ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ ဒီနို်င်ပွဲဟာ ဘရိုက်တန်အတွက် ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးနိုင်ပွဲဖြစ်လာခဲ့ပြီး အာဆင်နယ်ကတော့ ၂ပွဲဆက်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။