ယူ-၂၃ ပြိုင်ပွဲကို လွဲချော်ခဲ့တာပါ။

ယူ-၂၃ အသင်းရဲ့ ခေါ်ယူမှုအပေါ် ပရိသတ်တွေကလည်း မသွားစေချင်တာကြောင့် ဒီတစ်ကြိမ်တော့ စိတ်လျော့ခဲ့ တယ်လို့ မာတီနယ်လီက ဆိုပါတယ်။

အာဆင်နယ်က ဘရာဇီးယူ-၂၃ အသင်းနဲ့အတူ အိုလံပစ်အကြို ပြိုင်ပွဲကို ဆင်နွှဲခွင့်ကို တားဆီးခဲ့တယ်လို့ လူငယ် ကြယ်ပွင့် မာတီနယ်လီက ရင်ဖွင့်လာတဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



မာတီနယ်လီကတော့ ဒီရာသီ အာဆင်နယ်အသင်းအတွက် ချဲလ်ဆီးနဲ့ပွဲက အံ့အားသင့်ဖွယ် သွင်းဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၀ ဂိုးထိသွင်းယူပေးထားနိုင်တာနဲ့အတူ အထင်ကြီးစရာ စွမ်းဆောင်ပေးထားသူပါ။

သူရဲ့ ထူးခြားကောင်းမွန်မှုကြောင့် ဘရာဇီး လက်ရွေးစင်အသင်းကြီးက ခေါ်ယူဖို့အထိ စိတ်ဝင်စားခြင်း ခံခဲ့ရပြီး လက်ရှိမှာတော့ ဇန်နဝါရီ ၁၈ ကနေ ဖေဖော်ဝါရီ ၉ ရက်အထိ ကျင်းပနေတဲ့ အီုလံပစ်အကြို ယူ-၂၃ တောင်အမေရိ ကဖလားပြိုင်ပွဲကို ဘရာဇီးနဲ့ ဆင်နွှဲခွင့် ဆုံးရှုံးခဲ့ရတာပါ။

“ ယူ-၂၃က ခေါ်ရင်တော့ ကျွန်တော် ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ဒီအခြေအနေက ခက်ခဲမယ်ဆို တာတေ့ သိပါတယ်။ ဘာလို့လဲဆိုတော့ အဲ့အချိန်က ကျွန်တော်နဲ့ အာဆင်နယ်ရဲ့ အစအချိန်မှာ ဖြစ်နေလို့ပါ။ ဒါ့အပြင် ပရိသတ်တွေကလည်း မသွားစေချင်ကြပါဘူး။ ကျွန်တော့်ကို ဘရာဇီး အထွေထွေညှိနှိုင်းရေးမှူး ဂါဘရီ ရယ် ပေါ်လစ္စတာ ကိုယ်တိုင်က ခေါ်ယူခဲ့ပြီး ဂုဏ်လည်း ပြုပြီးခဲ့ပေမယ့် ဒီအချိန်ကိုတော့ စိတ်လျော့လိုက်ရပါ တယ်။”လို့ မာတီနယ်လီက UOL သတင်းဌာနကို ပြောသွားပါတယ်။

အသက် ၁၈ နှစအရွယ်သာ ရှိသေးတဲ့ မာတီနယ်လီကတော့ အီတလီလူမျိုး ဖခင်ကြောင့် အီတလီ လက်ရွေးစင် အသင်းမှာလည်း ကစားခွင့်ရှိထားသူ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ သေချာ ကိုယ်စားပြု ကစားမယ့် နိုင်ငံကိုတော့ ရွေးချယ်ထားခြင်းမရှိသေးပါဘူး။

လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့အတူ သွင်းဂိုး ၁၀ ဂိုး ပြည့်သွားလို့ လွန်ခဲ့တဲ့ နှစ်၂၀က နီကိုးလက်စ် အနယ်လ်ကာပြီးရင် တစ်ရာသီထဲ ၁၀ ဂိုးပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် စံချိန်တင်ထား နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က