ဒီကနေ့ညမှာ ကစားမှာပါ။

ဝမ်ဘစ်ဆာကာကို သူ့အဖေက အာဆင်နယ် တိုက်စစ်မှူး အွန်နရီလို့ အမြဲ တင်စားခေါ်ဝေါ်လေ့ရှိပြီး အခုလို အာဆင်နယ်ကို ယူနိုက်တက် ကစားသမားအဖြစ် ရင်ဆိုင်ရချိန်မှာတော့အကိုဖြစ်သူက သရေကျဖို့ပဲ ဆုတောင်းနေ တာပါ။

၂၀၂၀ ရဲ့ နှစ်စမှာ ဝမ်ဘစ်ဆာကာအတွက် အခက်တွေ့စရာ တိုက်ပွဲတစ်ခုနဲ့ စတင်ရတော့မှာ ဖြစ်ပြီး အဲ့ဒါကတော့ အာဆင်နယ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။



Daily Mail ရဲ့ ဖော်ပြချက်အရ ဝမ်က အာဆင်နယ် ပရိသတ် မိသားစုကနေ မွေးဖွားကြီးပြင်းလာသူဖြစ်တယ်လို့သိ ရပါတယ်။

သူ့ရဲ့ အဖေက ဝမ်ကို ညာနောက်ခံ ကစားသမားတစ်ဦးဖြစ်နေသည့်တိုင် ငယ်ငယ်ကတည်းက သီယာရီ အွန်နရီလို့ တင်စားခေါ်လေ့ရှိသူလို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ကို ပေါင် သန်း ၅၀ နဲ့ ပဲ‌လေ့စ်က ရောက်ရှိလာခဲ့ပြီးနောက် အခုအခါ အာဆင်နယ်ကို ရင်ဆိုင်ရအုံးမှာပါ။

အခုလို ရင်မဆိုင်ခင်မှာအာဆင်နယ် ပရိသတ် ဖခင်ကို ဗီဒီယိုဖုန်းခေါ်ပြီး ပြောဆိုခဲ့တာတွေကို Daily Mailကဖော်ပြ လာရာမှာတော့ - “ အဖေ အာဆင်နယ်နိုင်ဖို့ အရေးကြီးလား ကျွန်တော် ကစားတာ ကောင်းဖို့ အရေးကြီးလား?”လို့ မေးခဲ့တာပါ။

ဒီလိုအမေးကိုတော့ အဖေဖြစ်သူ အမ်ဘရိုစီ ပြန်ဖြေခဲ့ရာမှာတော့ - “ မင်းကစားတာ ကောင်းဖို့ပဲ ပိုအရေးကြီးတာ ပါ၊ဘာလို့လဲဆိုတော့ အဖေက မင်းကိုချစ်တာလေ၊မင်းတစ်ပွဲချင်းစီ တိုးတက်ဖို့ပဲ ကြိုးစားပါ အာဆင်နယ် နိုင်ဖို့ အရေးမကြီးပါဘူး။”လို့ပြန်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး အကိုဖြစ်သူကလည်း ဝင်ပြောခဲ့ရာမှာတော့ -“ မင်းအာဆင်နယ်ကို ရင်ဆိုင်နေတာ မြင်ရမှာ နည်းနည်းတော့ အဆင်မပြေသလိုပါပဲ။ငါကတော့ သရေကျသွားဖို့ မျှော်လင့်တယ်။”လို့ ပြောခဲ့ပါသေးတယ်။

ယူနိုက်တက်အနေနဲ့ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ အာဆင်နယ်နဲ့ ပွဲက အရေးကြီးနေပြီး အာဆင်နယ် အတွက်ကလည်း ဥရောပ တင်ခွင့်ရရေး အခုပွဲကို ဂရုစိုက်ပြီး အနိုင်ကစားဖို့ လိုနေပါတယ်။

Share

Loading Next Article...
က္က