အာဆင်နယ်နည်းပြလောင်းထိပ်ဆုံးလေးဦးထဲမှာ ပါဝင်နေတာပါ။

အာဆင်နယ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့စနေနေ့က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ နောက်ထပ်ဆိုးရွားတဲ့ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် နည်းပြသစ်ခန့်အပ်ဖို့ အရှိန်မြှင့်တောင်းဆိုနေကြပြီး ပိုချက်တီနိုကို နည်းပြသစ်အဖြစ် မြင်ချင်နေကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ပထမဆုံးနိုင်ပွဲ ရရှိဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်ထဲမှာ ရောက်ရှိနေတဲ့ ဆောက်သမ်တန်အသင်းကိုတော့ အိမ်ကွင်းအမ်းမရိတ်မှာ ကျိန်းသေပေါက်အနိုင်ရမယ်လို့ တွက်ထားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ၉၆ မိနစ်မှာ ချေပဂိုးကို လာကာဇက် သွင်းယူပေးခဲ့လို့သာ ကံကောင်းလို့ သရေတစ်မှတ်ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အာဆင်နယ်အသင်းပရိသတ်တွေ ဘယ်လောက်အထိ ဒေါသထွက်နေမလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

နည်းပြအူနိုင်းအမ်မရီက နည်းပြရာထူးကနေ ချက်ချင်းထုတ်ပယ်ခံရနိုင်တဲ့ အန္တရာယ်မျိုးမရှိပေမယ့် ဖိအားတွေကတော့ တဖြည်းဖြည်းနဲ့ ကြီးထွားလာနေတယ်ဆိုတာတော့ သေချာနေပြီး ၎င်းရဲ့နေရာမှာ အစားထိုးနိုင်ဖွယ်ရှိနေတဲ့ နည်းပြနာမည်စာရင်းအချို့တောင် ထွက်ပေါ်နေတာဖြစ်ပါတယ်။

မကြာသေးခင်ကမှ အာဆင်နယ်အသင်းရဲ့မြောက်လန်ဒန် ခါးသီးပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲဲ့ရတဲ့ ပိုချက်တီနိုဟာ အသင်းလက်မဲ့ဖြစ်နေတဲ့အတွက် အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်တဲ့နည်းပြလောင်း ထိပ်ဆုံးလေးဦးထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ မကြာမီအချိန်ကာလအတွင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ကောင်း မျှော်လင့်နေမှာဖြစ်ပေမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက ပိုချက်တီနိုရဲ့ မှတ်ချက်စကားက မျှော်လင့်ချက်ကို မှေးမှိန်နေစေတာဖြစ်ပါတယ်။

“ကျွန်တော် ဘယ်တော့မှ ဘာစီလိုနာရဲ့ ဒါမှမဟုတ် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို တော့တင်ဟမ်၊ အက်စ်ပန်ညိုအသင်းတို့နဲ့ လူတွေက တွဲမြင်နေကြလို့ပါ”

“ကျွန်တော် နီဝဲလ်အိုးဘွိုင်းအသင်းမှာ ကြီးပြင်းခဲ့ပြီး ရိုဆာရီယိုဆန်ထရယ်(နီဝဲလ်အိုးဘွိုင်းရဲ့မြို့ခံပြိုင်ဘက်)ကို ဘယ်တော့မှ နည်းပြသွားမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဘာလို့လဲဆိုတော့ တခြားနေရာတွေထက် အာဂျင်တီးနားက ကျွန်တော့် လယ်မှာ အလုပ်ပိုလုပ်ချင်တဲ့စိတ်ရှိလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

က္က