နေရာတစ်နေရာစာအတွက် တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ကလပ် ဟော်ဖမ်ဟိန်း အသင်းကို အငှားနဲ့ သွားကစားနေရသူ ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဟော်ဖန်ဟိမ်းအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ နယ်ဆင်က မိခင်ကလပ် အာဆင်နယ်အသင်းကို ပြန်ပြီး နေရာတစ်နေရာစာ အခိုင်အမာရဖို့ တိုက်ပွဲဝင်သွားချင်တယ်လို့ ထုတ်ဖော်ပြော ခဲ့တဲ့အကြောင်း Metro သတင်းဌာနကဖော်ပြလာပါတယ်။



ဟော်ဖန်ဟိမ်းအသင်းကတော့ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ နယ်လ်ဆင်ကို အခြားအသင်းတွေ ကမ်းလှမ်းမှုတွေ မရှိသေးရင် ထပ်မံ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

“ အာဆင်နယ်ကကျွန်တော့်အသင်းပါပဲ၊ကျွန်တော်ပြန်ရမယ့်နေရာပါပဲ၊ကျွန်တော့် တစ်မိသားစုလုံးကလည်း အာဆင်နယ်ပါပဲ။ နောက်ထပ် အငှားနဲ့ဘယ်အသင်းကိုမှ ထပ်မသွားချင်တော့ပါဘူး။အာဆင်နယ်မှာပဲ နေရာ တစ်နေရာစာအတွက် တိုက်ပွဲဝင်ချင်ပါပြီ။” လို့ အသက် ၁၉ နှစ်အရွယ် နယ်လ်ဆင်က ထုတ်ဖော်ပြောလာတာ ပါ။

အာဆင်နယ် နည်းပြ အူနိုင်းအနေနဲ့လည်း ဒီနှစ်လူဝယ်ရာသီမှာ ပေါင် ၄၅ သန်းသာ ရရှိထားလို့ လူဝယ်ဖို့ အခက်တွေ့နေချိန် နေလ်ဆင်က တစ်တပ်တစ်အား ဖြစ်လာစေမှာ အမှန်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းမှာ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူ တော်ရဲရားကိုလည်း အေစီမီလန်က စိတ်ဝင်စားနေသည့်တိုင် ရောင်းမထုတ်နိုင်ပဲ ရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က