နည်းပြအာစင်ဝင်းဂါးအနေနဲ့ ပရီးမီးယားလိဂ်ကိုတစ်ကျော့ပြန်လာဖို့ ရှိနေခဲ့တာပါ။

ရလဒ်ကောင်းရရှိနေပေမယ့် ပရိသတ်အများစုကတော့လက်ရှိနည်းပြယူနိုင်းအမ်မရီကိုဝေဖန်မှုတွေပြုလုပ်နေကြ တာပါ။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ လက်ရှိမှာ ရလဒ်ကောင်းအချို့ရရှိနေပေမယ့် ဝေဖန်မှုအချို့နဲ့ရင် ဆိုင်နေရတဲ့ နည်းပြယူနိုင်းအမ်မရီရဲ့နေရာမှာအစားထိုးဖို့အတွက် ဂန္ထဝင်နည်းပြဟောင်းအာစင်ဝင်းဂါးကိုပြန် လည်ခန့်အပ်ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ Dailymail က ဖော်ပြလိုက်ပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး မိသားစုကိုပိုပြီးအချိန်ပေးဖြစ်နေခဲ့တဲ့ ဝါရင့်နည်းပြအာစင်ဝင်းဂါးဟာ ဖီဖာ က ကမ်းလှမ်းခဲ့တဲ့ နည်းစနစ်ဒါရိုက်တာရာထူးအပြင် အာရှနိုင်ငံအချို့ရဲ့ ငွေကြေးများစွာနဲ့ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားသူလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုများအရ ပရီးမီးယားလိဂ်ဝါရင့်နည်းပြအာစင်ဝင်းဂါးအနေနဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့တရား ဝင်ကမ်းလှမ်းမှုကို ရရှိထားတယ်လို့ဖော်ပြနေတာဖြစ်ပြီး အာဆင်နယ်အသင်းလည်း အပါအဝင်ဖြစ်နေတယ်လို့  ဗြိတိန်မီဒီယာအများစုကနေ ဖော်ပြနေတာပါ။

“ ပရော်ဖက်ရှင်နယ်နည်းပြတစ်ဦးပေမယ့် အာဆင်နယ်နဲ့ပတ်သက်နေဆဲပါ။ ပရီးမီးယားလိဂ်ကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ချိတ်ဆက်မှုတွေရှိနေဆဲပါပဲ။ နည်းပြရှိနေဆဲအသင်းတွေဖြစ်လို့ အသင်းနာမည်ကိုတော့  လေးစားမှုအရ မပြောလိုပါဘူး” လို့ အာစင်ဝင်းဂါးက SkySports သတင်းဋ္ဌာနနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီ အစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၆၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြအာစင်ဝင်းဂါးအနေနဲ့ အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၂၂နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၃ကြိမ်၊ အက်ဖ်အေဖလား ၇ကြိမ်၊ ကွန်မြူနတီဒိုင်း ၇ကြိမ်ရယူေ ပးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က