ကစားသမားဖြစ်သူကိုယ်တိုင်က ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားလိုနေခဲ့တာပါ။

ယုံကြည်မှုပိုင်းလိုအပ်ချက်နဲ့အတူ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတဲ့ လင်ဂတ်ကို ယူနိုက်တက်နည်းပြဆိုးလ် ရှားကိုယ်တိုင်က အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုအဖြစ် ယူနိုက် တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားလင်ဂတ်ကို ခေါ်ယူနိုင်ဖို့အတွက် အခြေအနေကော င်းဆုံးရှိနေခဲ့တယ်လို့ Dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက်နည်းပြအဆက်ဆက်တွင် အဓိက,ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ လင်ဂတ်ဟာ လက်ရှိနည်းပြ ဆိုးလ်ရှားလက်ထက်မှာတော့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်နဲ့အတူ ခြေစွမ်းမပြနို်င်ခြင်းများကြောင့် အသင်းနည်းပြ အဖွဲ့ရဲ့ ယုံကြည်မှုကို ဆုံးရှုံးထားသူလည်းဖြစ်ပါတယ်။



လင်ဂတ်အနေနဲ့ လက်ရှိရာသီအတွင်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၅ပွဲအထိပါဝင်ကစားခွင့်ရရှိထားခဲ့ ပေမယ့် ၂ဂိုးသွင်း၊ ၂ဂိုးဖန်တီးမှုများသာပြုလုပ်နိုင်ခဲ့ခြင်းများကြောင့် နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ကစားသမား စာရင်းကနေ ချန်လှပ်ခံခဲ့ရတာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုများရှိနေခဲ့တာပါ။

အာဆင်နယ်အသင်းကတော့ပွဲစဉ်တွေပြန်လည်ကျင်းပတဲ့အချိန်မှာလင်ဂတ်အတွက်တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ဖို့ရှိနေပြီး ယူနိုက်တက်ဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိပေမယ့် နည်းပြဆိုးလ်ရှားကတော့ အသ င်းကနေ သေချာပေါက်ထွက်ခွာခွင့်ပြုဖို့ရှိနေတယ်လို့လည်း thesun က ဖော်ပြပြီးဖြစ်ပါတယ်။

လင်ဂတ်ရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ပါက သမိုင်းတစ်လျှောက် ယူနိုက်တက်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ တဲ့ ၉ဦးမြောက်ကစားသမားဖြစ်လာမှာဖြစ်ပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်းမှာတော့နော က်ခံလူဆေးဗားစတြာ၊ တိုက်စစ်မှူးဝဲလ်ဘတ်၊ တောင်ပံကစားသမားအမ်ခီတာရန်တို့နောက် စတုထ္ထမြောက်က စားသမားအဖြစ် မှတ်တမ်းဝင်ဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က