၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ကို အနိုင်ရလိုက်လို့ မန်စီးတီးထက် တစ်ပွဲပို၊တစ်မှတ်အသာနဲ့ အဆင့် ၂ နေရာမှာ ယာယီရပ်တည်နေ ပြီး မန်စီးတီးကတော့ ဒီကနေ့ညမှာ ထိပ်ဆုံးက လီဗာပူးနဲ့ တွေ့ဆုံနေပါတယ်။

အာဆင်နယ်ကို၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း မိမိတို့ လက်စတာအသင်းအနေနဲ့ ချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်အ သင်းအဖြစ် မှတ်ယူနိုင်ပြီလို့ မဆိုနိုင်သေးဘူးလို့ လက်စတာနည်းပြ ရော်ဂျာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



၂၀၁၅-၁၆ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းအနေနဲ့ အာဆင်နယ်ကို ပထမပိုင်းမှာ ဂိုးမရှိ သရေသာ ကစားထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဗာဒီ၊မက်ဒီဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

နိုင်ပွဲကြောင့် လက်စတာအသင်းအနေနဲ့ ၁၂ ပွဲကစား ၂၆မှတ်နဲ့ မန်စီးတီး၊ချဲလ်ဆီးတို့အထက်မှာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး အဆင့် ၂ နဲ့ ရပ်တည်နေပါပြီ။

မန်စီးတီးက ၂၅မှတ်ရရှိထားပြီး ဒီကနေ့ညမှာ ထိပ်ဆုံးက လီဗာပူးနဲ့ အဝေးကွင်း ကစားရမှာဖြစ်လို့ အနိမ့်ဆုံး သရေရလဒ်ရရှိမှသာလျှင် မူလအဆင့် ၂ နေရာကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။



“ အသင်းကို ပိုကောင်းအောင်နဲ့ တိုးတက်မှု ပိုရှိလာဖို့ပဲ တွေးပြီးပွဲတိုင်းကို ပြင်ဆင်နေပါတယ်၊ကျွန်တော့်လက် ထက်မှာ ဥရောပ အောင်မြင်မှု ရယူနိုင်မယ်ဆိုရင်တော့ဒါဟာ တကယ့် အဖိုးတန် အောင်မြင်မှုပဲ ဖြစ်ပါလိမ့်မယ်။ အခုချိန်မှာ ပြိုင်ပွဲအားလုံးရဲ့ အလယ်တစ်နေရာမှာပဲ ရှိပါသေးတယ်။အခုတော့ ကျွန်တော်တို့ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေနိုင်ပါသေးတယ်။ဒီစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။

ကျွန်တော်ဒီကို လာခဲ့တာ တစ်ခုခုလုပ်ပြဖို့ပါ။အခုစွမ်းဆောင်ရည်တွေကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားနိုင်ဖို့ လိုပါတယ်။”လို့ ရော်ဂျာက ပြောခဲ့ပါသေးတယ်။

အာဆင်နယ်ကတော့ ရှုံးပွဲနဲ့အတူ အဆင့် ၆ နေရာကို ဆင်းသက်ပေးခဲ့ရပြီး ၁၂ ပွဲကစား ၁၇ မှတ်နဲ့ ဂိုးကွာခြား ချက်မှာလည်း ပေးဂိုး အနုတ် တစ်ဂိုးရှိနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

က္က