ဂိုးသွင်းယူနိုင်သူတွေ ပိုလိုချင်တယ်လို့ဆိုလိုက်ပါတယ်။

အူဘာမီယန်းရဲ့ အငြင်းပွားဖွယ်လူကျွံဘောကနေ ချေပဂိုးရခဲ့ပြီး သရေကျခဲ့တာဖြစ်ကာ အခုထက်ပိုတဲ့ လုပ်အားနှုန်းက အမ်မရီက တောင်းဆိုလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်ကို သရေကစားခဲ့တဲ့ပွဲက ကစားသမားတွေရဲ့ လုပ်ဆောင်နှုန်းနဲ့ ပတ်သက်ပြီး ဒီ့ထက် ပိုလုပ်ဆောင်နိုင်သေးတယ်လို့ အမ်မရီက ယုံကြည်နေပါတယ်။



နှစ်သင်းစလုံး ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပျောက်ဆုံးပြီး ကစားနေခဲ့တဲ့ ဒီပွဲစဉ်မှာအာဆင်နယ်အတွက် ချေပ ဂိုးတစ်ဂိုးကို အူဘာမီယန်းက အငြင်းပွားဖွယ် လူကျွံဘောကတဆင့် ရယူပေးခဲ့တာပါ။

“ ရလဒ်ပိုင်းအရရော ခြေစွမ်းပိုင်းအရရော ဒီ့ထက်ပိုလိုချင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က အခြေအနေ တစ်ခုတည်းရောက်နေပါတယ်။ ကျွန်တောာို့ ပြိုင်ဆိုင်နေကြတယ်၊ကျွန်တော်တို့ပိုကောင်းအောင်လုပ်နိုင်ပါ တယ်။ အခုလို စည်းထဲမှာဘောလုံးရချိန်နဲ့ဘောလုံးကိုင်ထားနိုင်ချိန်တိုင်း ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်ပါတယ်။” လို့ အမ်မရီက BBC SPORTကို ပြောသွားပါတယ်။

လူငယ်တွေနဲ့ ယုံကြည်မှု အပြည့်တည်ဆောက်ထားတဲ့အာဆင်နယ်အသင်းအနေနဲ့ ဘူကာယိုဆာကာကို ပိုုင်ဆိုင်ထားပေမယ့် အခြားတစ်ဦးကိုလိုသေးကြောင်း၊ ရမှတ်က လုံလောက်မှုမရှိပေမယ့်လည်းလာမယ့်အပတ် ဘုန်းမောက်ကိုအနိုင်ရဖို့ အားတက်စရာ ဖြစ်လာကြောင်း အမ်မရီက ဆက်လက်ပြောခဲ့ပါတယ်။



အူဘာမီယန်းအနေနဲ့ ယူနိုက်တက်အသင်းဖက်ကို တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၁၉၉၇-၉၈ က ဒင်းနစ်ဘားကမ့်ပြီးရင် အဖွင့် ၇ ပွဲကို ဂိုးသွင်းနိုင်သူ ဖြစ်လာပါတယ်။

အလုပ်အပေါ် အရမ်းအာရုံစူးစိုက်ပြီး သွင်းဂိုးတွေ ဒိုင်ခံသွင်းပေးနေတဲ့ အူဘာမီယန်းကအသင်းအတွက် အရမ်း အရေးကြီးတဲ့ ကစားသမားဖြစ်တယ်လို့လည်း အမ်မရီက ဆိုပါတယ်။

နောက်ထပ်သူ့လို ဂိုးတွေသွင်းယူနိုင်သူတွေ ပိုလိုအပ်တယ်လို့ အမ်မရီက ပြောခဲ့ပြီး အာဆင်နယ်အသင်း သားတွေ ယူနိုက်တက်နဲ့ပွဲကထက် ပိုလုပ်ဆောင်နိုင်တယ်လို့ အမ်မရီက ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က