သူ့တစ်ဦးတည်းအပေါ် အပြစ်တင်နေကြတယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲအထိ ရရှိနေပြီး အသင်းရဲ့လုပ်ခလစာအများဆုံးရကစားသမားအဖြစ် အိုဇေးလ်က ရပ်တည်နေခဲ့သူလည်း ဖြစ်ပါတယ်။


အာဆင်နယ်အသင်းရဲ့ကွင်းလယ်လူအိုဇေးလ်က သူ့အနေနဲ့ အာဆင်နယ်မှာ မမျှမတဆက်ဆံခံနေရတယ်လို့ ရင်ဖွင့်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲအထိ ရရှိနေပြီး အသင်းရဲ့လုပ်ခလစာအများဆုံးရကစားသမားအဖြစ် အိုဇေးလ်က ရပ်တည်နေခဲ့သူလည်း ဖြစ်ပါတယ်။

အိုဇေးလ်ဟာ ဒီရာသီမှာ အသင်းအတွက် ၂ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပြီး စုစုပေါင်း ၁၄၂မိနစ်သာ ကစားထားရသေးသူဖြစ်ပါတယ်။ အူနိုင်းအမ်မရီက သူနဲ့အိုဇေးလ်ကြားမှာ နီးကပ်မှုမရှိဘူးလို့ ဝန်ခံပြောဆိုထားပြီး အိုဇေးလ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်လို့ ချန်လှပ်ခဲ့တာဖြစ်ကြောင်းလည်း အများသိအောင် ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားက "ပွဲကြီးတွေမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုရင် အမြဲတမ်းက ကျွန်တော့်အမှားတွေကြောင့်ဖြစ်နေပါတယ်၊ ဒါက မှန်တယ်ဆိုရင် ပွဲကြီးပွဲကောင်းတွေရဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ခင်ဗျား ဘယ်လိုရှင်းပြနိုင်မလဲ၊ ကျွန်တော် မပါဝင်တဲ့အချိန်တွေမှာရောပေါ့၊ ဘာမှကွာခြားမှုမရှိပါဘူး"

"လူတွေက ကျွန်တော့်ဆီက အများကြီးမျှော်လင့်ထားတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ကျွန်တော်လည်းပဲ ဒီအတိုင်းပဲ ဖန်တီးပေးချင်ပါတယ်၊ ဒါပေမယ့် အဲဒီလိုပြုလုပ်နိုင်ဖို့က မလွယ်ကူပါဘူး၊ အသင်းမှာ ကစားသမားက ကျွန်တော်တစ်ယောက်တည်းရှိနေတာမဟုတ်ပါဘူး၊ ဒါကို မမေ့လိုက်ပါနဲ့၊ ပြိုင်ဘက်အသင်းတချို့ကလည်း ကျွန်တော်တို့ထက် ပိုပြီးကောင်းမွန်နေပါတယ်" လို့ အိုဇေးလ်က ပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


Share

Loading Next Article...
က္က