မော်ရင်ဟိုနဲ့အင်းနရစ္စ ဘယ်သူဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။

မော်ရင်ဟိုနဲ့ အာဆင်နယ်ခေါင်းဆောင်တို့ တွေ့ဆုံထားသေးလို့ မော်ရင်ဟိုရောက်လာမယ်လို့လည်း သတင်းထွက်ပေါ်ထားပြီး အခုတဖန် အင်းနရစ်ကို ချိတ်ဆက်နေတယ်လို့ စပိန်ဖက်က သတင်းပေါက် ကြားလာခဲ့ပြန်တာပါ။

လက်စတာကို ၂-၀ နဲ့ အရေးနိမ့်ပြီးနောက် အာဆင်နယ်အသင်းဟာ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ္စအင်းနရစ် နဲ့ စကားပြေဆို ဆွေးနွေးနေပြီလို့ စပိန်သတင်းရပ်ဝန်းက ထွက်ပေါ်လာတယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



လက်ရှိ နည်းပြ အမ်မရီကတော့ ၁၂ ပွဲကစားပြီးချိန်မှာ အဆင့် ၄ နေရာက အသင်းနဲ့ ၈ မှတ်ကွာအနေအထားထိ ရောက်လာနေခဲ့ပြီး ဖိအားများစွာရဲ့ အောက်ကို ရောက်နေပါပြီ။

ပရိသတ်တွေကလည်း လိဂ် နောက်ဆုံး ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်တဲ့ အာဆင်နယ် နည်းပြ အမ်မရီကို ထွက်ခွာခိုင်းနေပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ခေါင်းဆောင် ရာအူးလ်ဆန်လီဟီက နာမည်ကြီး နည်းပြ မော်ရင်ဟိုနဲ့ တွေ့ဆုံခဲ့ပြီး အသင်းကို မော်ရင်ဟိုရောက်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါသေးတယ်။

ဒါပေမယ့်လည်း အခုလက်ရှိမှာတော့ El Confidencial သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆန်လီဟီဟာ အမ်မရီ နေရာ အစားထိုးဖို့ အင်းနရစ်ကို ညှိနှိုင်းနေတယ်လို့ သိရပြန်ပါတယ်။



အသက် ၄၉ နှစ်အရွယ် အင်းနရစ်ကတော့ ဘာစီလိုနာနဲ့ ၃ နှစ်တာ ကာလအတွင်း အဓိက ဆုဖလား ၉ လုံးကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ဖလား ၃ လုံးစလုံးကို သိမ်းပိုက်ခဲ့သူပါ။

အင်းနရစ်ဟာ ၂၀၁၈ ဇူလိုင်မှာ စပိန်နည်းပြရာထူးကို လက်ခံခဲ့ပေမယ့် ၁၁လအကြာမှာပဲ ရာထူးက ပြန်လည်နုတ်ထွက်ထားခဲ့ပါတယ်။

အကြောင်းကတော့ သူ့ရဲ့ ၉ နှစ်အရွယ်သမီးလေး ကျန်းမာရေး မကောင်းတာကို အနီးကပ်ပြုစုချင်တဲ့အတွက် ဖြစ်ပေမယ့် ကံမကောင်းစွာပဲ သူ့သမီးလေးဟာ အရိုးကင်ဆာ ဝေဒနာနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လက ကွယ်လွန်သွားခဲ့ ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က