အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အသင်းတိုင်းကို အားပေးသွားမယ်လို့ သူမရဲ့လူမှုကွန်ယက်ပေါ်ကနေ ပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း သူမက ဝက်ဖို့ဒ်အသင်းဂျာစီကို ဝတ်ဆင်ကာ အားပေးခဲ့ပါတယ်။
အပြာဇာတ်ကားအများအပြားကို ရိုက်ကူးခဲ့ဖူးတဲ့ မီယာခါလီဖာကတော့ အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီးတော့ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မီယာခါလီဖာက သူ့အနေနဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အသင်းတိုင်းကို အားပေးသွားမယ်လို့ သူမရဲ့လူမှုကွန်ယက်ပေါ်ကနေ ပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း သူမက ဝက်ဖို့ဒ်အသင်းဂျာစီကို ဝတ်ဆင်ကာ အားပေးခဲ့ပါတယ်။
သူမရဲ့ တွစ်တာအကောင့်ပေါ်မှာ ရေးသားပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ အာဆင်နယ်အသင်းအတွက်တော့ မခံချိမခံသာဖြစ်စေမယ့် အပြုအမူတစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ မီယာခါလီဖာဟာ လန်ဒန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းကို အားပေးသူတစ်ဦးဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဂျာစီကို ဝတ်ဆင်ကာ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ မကြာခဏဖော်ပြလေ့ရှိသူဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ အာဆင်နယ်နဲ့ပတ်သက်ပြီး မီယာခါလီဖာက ပထမဆုံးအကြိမ်တိုက်ခိုက်တာမျိုးမဟုတ်ပဲ ယခင်ကလည်း ဒီလိုမျိုးတွေ မကြာခဏပြုလုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ ရင်ဆိုင်ကစားခဲ့ကြပြီး အဆိုပါပွဲက အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီရဲ့ ကစားပုံနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ခဲ့ပါသေးတယ်။
အာဆင်နယ်ကတော့ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲမှာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရကာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဖွင့်ပွဲ ၅ပွဲကစားအပြီးမှာတော့ ရမှတ် ၈မှတ်သာရရှိထားပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။ ဝက်ဖို့ဒ်ကတော့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ငါးပွဲမှာ ၂မှတ်သာ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။