ပြန်လည်အာရုံစူးစိုက်ရာမှာ ပြဿနာမရှိဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ပြန်လည်အာရုံစူးစိုက်ပြီး အာဆင်နယ်အသင်းနဲ့ ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။



ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ်နဲ့ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မည်သည့်နည်းပြမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တစ်ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၁၇ ပွဲမှာ ၁၄ ပွဲအထိ အနိုင်ရရှိထားပါတယ်။ ယနေ့ည ၁၁ နာရီအချိန်မှာ အာဆင်နယ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆိုးရှားက အာဆင်နယ်အသင်းနဲ့ပွဲစဉ်အတွက် ပြန်လည်အာရုံစူးစိုက်ရာမှာ ပြဿနာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ဘာပြဿနာမှကို မရှိပါဘူး”

“ကျွန်တော်တို့ တစ်ခါတရံ မန်ယူနိုက်တက်ကို မျှော်လင့်ခဲ့တဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါပြီ”

“ဒါပေမယ့် ဖြစ်ပျက်ခဲ့တာတွေက ဒီလိုပုံစံမျိုးပဲ ဖြစ်မှာဖြစ်ပြီး ပွဲအပြီးမှာ အောင်ပွဲခံတာက ကျွန်တော်တို့လုပ်နိုုင်ခဲ့တဲ့သလို ပွဲမျိုးကို ခင်ဗျား အနိုင်ရရှိတဲ့အခါမှာ အဲဒီလို ဖြစ်မှာပဲ”

“အဲဒီပွဲပြီးတော့ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ဖို့အတွက် ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ အာဆင်နယ်နဲ့ပွဲအတွက် အာရုံစူးစိုက်မှုရရှိခဲ့ပြီးပါပြီ။ ထူးဆန်းတဲ့ပွဲစဉ်တစ်ပွဲအတွက် ခင်ဗျားကိုယ် ခင်ဗျား နောက်ထပ်တစ်ကြိမ် အဆင်သင့်ဖြစ်အောင် လုပ်ထားပါ”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က