အဓိက ကစားသမားအများစုရဲ့ ဒဏ်ရာအခြေအနေကို ပွဲကစားမယ့် မနက်ပိုင်းအထိ အသေးစိတ် စောင့်ကြည့်နေရတဲ့ အခြေအနေလို့ သိရပါတယ်။
စပါးအသင်းအနေနဲ့ ဒီညမှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံနေတဲ့ပွဲအတွက် အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေတယ်လို့ 90 MIN သတင်းဌာနက ဖော်ပြပါတယ်။
ဝင်းခ်ကတော့ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပေမယ့် အဲ့ဒီ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့တဲ့ အခြေအနေကပဲ ဒဏ်ရာကို သက်တောင့်သက်သာ မဖြစ်စေမှုနဲ့ ပြန်လည်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စပါးအသင်းက တရားဝင် ထုတ်ပြန်ထားချက်မှာတော့ ဒီကနေ့ စနေမနက်ပိုင်းအထိကို နောက်ဆုံး ဆေးစစ်မှု မှတ်တမ်းတွေ စောင့်ကြည့်နေရတယ်လို့လည်း ဆိုထားပါတယ်။
အခြားသော အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဒယ်အလီကလည်း ခြေကျင်းဝတ်ဒဏ်ရာကို ပြန်လည်သန် စွမ်းရေး လုပ်ဆောင်နေရသေးပြီး အဲရစ်ဒိုင်ယာကလည်း ဖျားနာပြီး အာသီးရောင်နေလို့ ဆေးကုသမှု ခံယူနေရ တယ်လို့ ပါဝင်ပါသေးတယ်။
အလီဆိုရင် စပါးအသင်းနောက်ဆုံး ကစားထားတဲ့ ပွဲ ၅ ပွဲကို လွဲချော်ထားသူ ဖြစ်ပြီး ဒိုင်ယာဆိုရင်လည်း ဖေဖော်ဝါရီလကတည်းက အဖျားဝေဒနာကြောင့် ပွဲမကစားနိုုင်ပဲ ရှိနေကြသူတွေပါ။