ပြီးခဲ့တဲ့လကုန်ကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူပါ။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အမီ ပြန်လည်ပါဝင်ကစားနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရှယ်ဟာ ပြီးခဲ့တဲ့လကုန်က ခရစ်စတယ်ပဲလေ့စ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ မာရှယ်မပါဝင်နိုင်မှုကြောင့် တိုက်စစ်အင်အားကျဆင်းနေခဲ့တာဖြစ်ပါတယ်။

နည်းပြအိုလီဂန်းနားဆိုးလ်ရှားက မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့အထောင်တိုက်စစ်မှူးအဖြစ် ယုံကြည်မှုပေးထားပြီး ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ ၃ ဂိုးသာ သွင်းယူထားနိုင်သေးသူဖြစ်ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပြီး အာဆင်နယ်နဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။

ဒါကြောင့် နည်းပြ ဆိုးလ်ရှားဟာ မေဆင်ဂရင်းဝုဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အသုံးပြုသွားမှာဖြစ်ပြီး ဂရင်းဝုဒ်ဟာ နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ အက်စ်တာနာ၊ ရော့ချ်ဒေးလ်တို့နဲ့ပွဲစဉ် ၂ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။



The Evening Standard ရဲ့ဖော်ပြချက်အရ မာရှယ်ဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်အတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေမယ်လို့ သိရပြီး နည်းပြဆိုးလ်ရှားက ပွဲထွက်လူစာရင်းမှာ စွန့်စားပြီး အသုံးပြုသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က