နိုင်ငံနဲ့ ကလပ်အသင်းအတွက် နှစ်ပေါင်းများစွာ အတူတူကစားခဲ့ကြသူတွေပါ။

ချယ်ဆီးကြယ်ပွင့်ကွင်းလယ်ကစားသမား ဝီလီယံဟာ လာမယ့်လမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းအိမ်ကွင်းကို သွားရောက်ကစားရမယ့်ပွဲစဉ်မှာ ပါဝင်ကစားရမယ်ဆိုရင် ဒေးဗစ်လုဇ်ရဲ့ ပေါင်ကြားထဲကနေ ဘောလုံးထည့်ပြီး အရူးလုပ်ပြမယ်လို့ ပြောကြားခဲ့ကြောင်း The Sport Review က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အမ်းမရိတ်ကို သွားရောက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ချယ်ဆီးကြယ်ပွင့်ဟောင်း ဒေးဗစ်လုဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

ဒေးဗစ်လုဇ်ဟာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်ပေမယ့် ယခုရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲသာ လွဲချော်ထားသူဖြစ်ပါတယ်။ ဝီလီယံနဲ့ ဒေးဗစ်လုဇ်တို့ဟာ နိုင်ငံနဲ့ ကလပ်အသင်း ၂ သင်းစလုံးမှာ နှစ်ပေါင်းများစွာ အတူတူ ကစားခဲ့ကြသူတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့ပွဲစဉ်အပြီး ဇန်နဝါရီလ ၂၁ ရက်မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ထပ်မံတွေ့ဆုံယှဉ်ပြိုင်သွားဖို့ရှိနေတာဖြစ်ပြီး ဝီလီယံက ဒေးဗစ်လုဇ်ကို ၎င်းရဲ့အစ်ကိုလို့ ဖော််ပြခဲ့ပေမယ့် အာဆင်နယ်နဲ့ချယ်ဆီး ကစားမယ့်ပွဲစဉ်မှာတော့ ၎င်းရဲ့စွမ်းဆောင်ရည်ကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို အကြိမ်အနည်းငယ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူ ချယ်ဆီးအသင်းအတွက် ကစားပေးပြီး ကျွန်တော်က ရှက်တာဒိုးနတ်အတွက် ကစားပေးခဲ့တုန်းကရယ်၊ ကျွန်တော်် ချယ်ဆီးအတွက် ကစားပေးပြီး သူ ပီအက်စ်ဂျီအတွက် ကစားပေးတုန်းကရယ်ပေါ့”

“အခု သူက အာဆင်နယ်အသင်းအတွက် ကစားပေးနေပါတယ်။ သူက ကျွန်တော့်ရဲ့ အစ်ကိုပါပဲ။ ကျွန်တော်တို့ ၈ နှစ်ကတည်းက တွေ့ဆုံခဲ့ကြတာပါ”

“ဒါပေမယ့် ကွင်းအတွင်းမှာတော့ ဘာမှ မတတ်နိုင်ပါဘူး။ တကယ်လို့ ကျွန်တော် သူ့ကို ပေါင်ကြားထဲကနေ ဘောလုံးထည့်ပြီး အရူးလုပ်ရမယ်ဆိုလည်း ကျွန်တော် လုပ်မှာပါ”လို့ Metro ကို ပြောကြားခဲ့ပါတယ်။

Share

က္က