အမ်မရီဟာ နောက်ဆုံး ၆ ပွဲစလုံးအနိုင်မရခဲ့လို့ ဖိအားတွေမြင့်တက်လာခဲ့တာပါ။

ဝုဗ်နည်းပြ နူနိုအက်စ်ပရီတိုဆန်တိုဟာ အာဆင်နယ်အသင်းမှာ ဖိအားတွေ ခံနေရတဲ့ အူနိုင်းအမ်မရီရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့်နည်းပြသစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ဖြေကြားဖို့ ငြင်းဆိုသွားခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နည်းပြအမ်မရီလက်အောက် နောက်ဆုံး ၆ ပွဲမှာ တစ်ပွဲအနိုင်မရရှိခဲ့ဘဲ မကြာသေးမီရက်သတ္တပတ်တွေမှာ ၎င်းရဲ့နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းပြတွေရဲ့နာမည်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဝုဗ်နည်းပြ ဆန်တိုက အာဆင်နယ်အသင်းနည်းပြ အမ်မရီရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရမယ့်သူအဖြစ် ထိပ်ဆုံးကနေ ရေပန်းစားလာခဲ့ပြီး အာဆင်နယ်ဘောလုံးဒါရိုုက်တာ ရာအူးလ်ဆန်လယ်ဟီဟာ နူနိုရဲ့အေးဂျင့် ဂျော့ဂျ်မန်းဒက်စ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

ဒါပေမယ့် ဆန်တိုက အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိလားလို့ မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းပယ်သွားခဲ့ပြီး ပကတိအမှန်တရားမဟုတ်တဲ့အရာတွေဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

“ခင်ဗျား ကျွန်တော့်ကို ကောင်းကောင်း သိသင့်သလောက်သိမှာပါ။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားမှာမဟုတ်ဘဲ အမှန်တကယ်မရှိတဲ့ ကိစ္စကို ဖော်ပြပြောဆိုမှာမဟုတ်ဘူးဆိုတာ ခင်ဗျား သိမှာပါ”

“ကျွန်တော်တို့ အဆင်ပြေပြေ အလုပ်လုပ်နေတယ်။ အသင်းတစ်ခုအဖြစ်၊ အစုအဖွဲ့တစ်ခုအဖြစ် တိုးတက်အောင်လုပ်ရမယ် နေရာတွေအများကြီး ရှိနေပါတယ်။ ကျွန်တော်တု်ိ့ အားလုံးလုပ်ချင်နေတာ အဲဒါပဲ။ အားလုံးအတူတူပေါ့”လို့ လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က