ဆောက်သမ်တန် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပါတယ်။
ဘေးလ်က အာဆင်နယ်အသင်းရဲ့ ခါးသီး ဒါဘီပြိုင်ဖက် စပါးအသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်လို့ အခုုလို ထုတ်ဖော်ပြောဆိုလာတာကတော့ အသင်းဟောင်း ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံရနိုင်ခြေများနေပါတယ်။

စပါးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကတော့ စပါးပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်နိုင်တဲ့စကားကို ထုတ်ဖော်ပြောလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ပါဝင်ကစားနေတဲ့ ဂါရတ်ဘေးလ်ကတော့ တစ်ချိန်က အာဆင်နယ်ကစားသမားတွေ ဖြစ်ကြတဲ့ အွန်နရီ၊ဘားကမ့်တို့ ကစားခဲ့တဲ့ အာဆင်နယ်ပွဲတွေကိုကြည့်ပြီး ကြီးပြင်းလာရတယ်လို့ အ့ံ့အားသင့်ဖွယ် ထုတ်ဖော်ပြောလာခဲ့ပါတယ်။



“အာဆင်နယ်အသင်းမှာ အွန်နရီ ကစားတဲ့ ပွဲတွေကြည့်ရတာ အရမ်းပျော်ရွှင်ခဲ့ရဖူးပါတယ်၊ နောက်ပြီး ဂန္တဝင် ကစားသမားကြီး ဘားကမ့်ကိုလည်း အရမ်းကြိုက်ပါတယ်၊ အခုလို အာဆင်နယ်အသင်းက ကစားသမားတွေကို ကျွန်တော် အားကျနှစ်သက်နေမိတာကိုတော့ စပါးပရိသတ်တွေက နှစ်လိုဖွယ်မရှိတာကို နားလည်ပါတယ်။” လို့ ဘေးလ်က Daily Mail ကို ပြောခဲ့ပါတယ်။

ရီးရဲအသင်းမှာကာလရှည် လက်တွဲခဲ့တဲ့ တွဲဖက်ကစားသမား ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး တော့လည်း - “ သူက တကယ်ကို မထင်မှတ်ထားနိုင်လောက်အောင် အရမ်းကောင်းမွန်တဲ့ ကစားသမားပါ၊ သူနဲ့အတူ ပျော်ရွှင်စရာ ကာလတွေကို အတူတကွ ဖြတ်သန်း ကစားခဲ့ဖူးပါတယ်။” လို့ ဘေးလ်က ထုတ်ဖော်ပြောလာခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဘေးလ်က စပိန်လာလီဂါမှာ ၂၂၄ ပွဲ ပါဝင်ကစားပေးအပြီး ၁၀၂ ဂိုးသွင်းကာ ၆၃ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း လတ်တလောမှာတော့ ရီးရဲအသင်းကနေ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မန်ယူအသင်းကို ရောက်မယ်လို့လည်း မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

ဒါပေမယ့် မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ထားခဲ့ရာ ရီးရဲမှာ ပုံမှန် ပွဲထွက်ခွင့်မရလို့ အသင်းက ထွက်ခွာချင်နေတဲ့ ဘေးလ်တစ်ယောက် အာဆင်နယ်ပရိသတ်လို့ ထုတ်ဖော်ပြောလာတာကတော့ ……။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က