အဆင့်(၄)အတွင်းဝင်ရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြအူနိုင်းအမ်မရီက အသင်းအနေနဲ့ ထိပ်ဆုံး (၄)သင်းစာရင်းဝင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာ ရပ်တည်နေပြီး အဆင့် (၄)နေရာက ချယ်လ်ဆီးနဲ့ (၃)မှတ်ကွာဟနေကာ ဒီနေ့မှာ ဟတ်ဒါဖီးလ်နဲ့ ကစားရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ မန်စီးတီးနဲ့ တနင်္ဂနွေနေ့မှာ ကစားသွားရမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ချယ်လ်ဆီး ပွဲကျပ်ကြုံနေချိန်မှာ အခွင့်ကောင်းရယူနိုင်ဖို့လည်း အရေးကြီးပါတယ်။



ချယ်လ်ဆီးသာ မန်စီးတီးကို အရေးနိမ့်ခဲ့မယ်ဆိုရင် အာဆင်နယ်အနေနဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်မှာလည်း ဖြစ်ပေမယ့် အမ်မရီကတော့ အဆင့် (၄)နေရာအတွက် စိတ်ပူနေတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းတွေ အများကြီးရှီပါတယ်၊ ကျွန်တော်တို့ အဆင့်(၄)ပြင်ပကို ရောက်သွားနိုင်သလားဆိုရင် ဟုတ်တယ်လို့ပဲ ပြောရမှာပါ၊ ကျွန်တော်တို့က အခု အဆင့်(၆)မှာ ရှိနေတာဖြစ်ပြီး ဒါက တကယ့်အမှန်တရားပါပဲ၊ ကျွန်တော်တို့အနေနဲ့ အဆင့်(၄) အတွင်းဝင်ရောက်နိုင်ဖို့ ယုံကြည်ချက်ရှိနေသေးပေမယ့်လည်း ဒါက ခက်ခဲမယ်ဆိုတာကိုတော့ သိထားပါတယ်"

"ထိပ်ဆုံး (၃)သင်းနဲ့ ကျွန်တော်တို့ကြားမှာ ကြီးမားတဲ့ ခြားနားချက်တွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် ချယ်လ်ဆီး၊ ယူနိုက်တက်နဲ့ ကျွန်တော်တို့ကြားမှာတော့ နီးစပ်မှုတွေ ရှိနေတာပါ၊ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ဖို့က ဖြစ်နိုင်ပါသေးတယ်၊ ဘာလို့လဲဆိုတော့ ချယ်လ်ဆီးနဲ့ ကျွန်တော်တို့က (၃)မှတ်ပဲ ကွာဟနေသလို ယူနိုက်တက်နဲ့ကလည်း တစ်မှတ်ပဲ ကွာခြားနေတာပါ၊ ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်" လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း ထိပ်ဆုံး (၄)သင်းပြင်ပမှာပဲ ရပ်တည်ခဲ့ရလို့ အာဆင်နယ်ဟာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အာစင်ဝင်းဂါး ထွက်ခွာသွားပြီးနောက် အမ်မရီလက်ထက်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ရာသီဝက်ကာလအကျော်မှာ အာဆင်နယ်ရဲ့ ရလဒ်တွေက ယိမ်းယိုင်လာခဲ့ပြီး အဆင့် (၆)နေရာအထိ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က