တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အာဖရိကဇုန် ကမ္ဘာ့ဖလားပလေးအော့ခြေစစ်ပွဲတွေကို ကစားခဲ့ရာမှာတော့ အီဂျစ်ဟာ အာဖရိကဖလားဗိုလ်လုပွဲရှုံးကြွေးကို ပြန်ဆပ်ပြီး ဆီနီဂေါကို လက်စားချေနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ ဆာလာရဲ့ အားထုတ်မှုကတဆင့် ဆီနီဂေါတို့ ကိုယ့်ဂိုးကိုယ်သွင်း ယူမိခဲ့တာဖြစ်ပြီး အဆိုပါတလုံးတည်းသောဂိုးနဲ့ အီဂျစ်တို့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

အာဖရိဖလားပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့လို့ ဒီပွဲကို မဖြစ်မနေ အနိုင်ပြန်ကစားမယ်လို့ ကြုံးဝါးခဲ့တဲ့အတိုင်း ဆာလာက လုပ်ပြနိုင်ခဲ့ပါတယ်။ မာနေးဦးဆောင်တဲ့ အာဖရိဖလားချန်ပီယံဆီနီဂေါကတော့ ကာတာကိုသွားဖို့ မျှော်လင့်ချက်တွေ အားနည်းခဲ့ရပြီး  ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ မကျန်ရစ်ချင်ဘူဆိုရင် ဒုတိယအကျော့ကိုအနိုင်ရဖို့ကစားရတော့မှာဖြစ်ပါတယ်။ 

တပွဲလုံးနှစ်သင်းပေါင်း ဂိုးပေါက်တည့်မှုက တကြိမ်တည်းသာရှိခဲ့တာကိုကြည့်ရင် အနိုင်ရဖို့အတွက် ဘယ်လောက်ထိ ပြင်ဆင်ထားလဲဆိုတာကို သိသာစေခဲ့ပါတယ်။ ဂိုးမပေးရဖို့အတွက် ခံစစ်ကို အားပြုခဲ့ကြသလို တိုက်စစ်ပိုင်းတွေကိုလည်း ဟန့်တားဖို့အတွက် ကွင်းလယ်ကနေပဲ ကြိုတင်ကာကွယ်ခဲ့ကြပြီး အခွင့်အရေးစောစောစီးစီးရရှိခဲ့တဲ့ အီဂျစ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒုတိယအကျော့ကိုတော့ မတ်လ ၂၉ ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။ ဒီတကြိမ်ပွဲကတော့ ပိုပြီးအကြိတ်အနယ်ရှိမှာဖြစ်ကာ ဆီနီဂေါတို့ ဖောင်ဖျက်ကစားရတော့မှာလည်းဖြစ်ပါတယ်။ အီဂျစ်ကတော့ သရေကစားနိုင်ရုံနဲ့ ကာတာကိုအရောက်သွားဖို့ လက်မှတ်ကို ရယူနိုင်မှာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြီးနောက် ဆက်တိုက်ဆိုသလို နောက်ထပ်ကမ္ဘာ့ဖလားကို ဆင်နွှဲနိုင်မှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က