အိုနာနာရဲ့ အမှားတွေကို စိတ်ပျက်နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ပိုပိုပြီးဆိုးရွားတဲ့ ကစားပုံတွေနဲ့ ပရိသတ်တွေကို စိတ်ဒုက္ခပေးနေခဲ့ပါတယ်။ ဒီနေ့လည်း အိမ်ကွင်းမှာ ဘရန်ဖို့ဒ်နဲ့ ကစားခဲ့ရာမှာ ထုံးစံအတိုင်း တော်တော်လေးကို ညံ့ဖျင်းလွန်းခဲ့ပြီး ဦးဆောင်ဂိုးပါ အသွင်းခံခဲ့ရတာပါ။ ဒီဂီုးအတွက်တော့ အိုနာနာတယောက် အကြီးအကျယ်ဖိအားခံရဦးမှာလည်း သေချာပါတယ်။ 

ကက်စ်မဲရိုးရဲ့ လူပေးမှားမှုကနေ ဘောလုံးရသွားတဲ့ ဘရိုက်တန်က တန်ပြန်တိုက်စစ်ကို မြန်မြန်ဆန်ဆန်စတင်ပြီးတော့ ဂိုးရအောင်သွင်းခဲ့တာပါ။ ကန်သွင်းမှုက အားပျော့လွန်းပြီး ဂိုးပေါက်အလယ်တည့်တည့်ကို ကန်သွင်းတာဖြစ်ပြီး အိုနာနာရဲ့ ကာကွယ်ခဲ့ပုံကတော့ ရုပ်ပေါက်လောက်အောင်ကို ဆိုးရွားကာဂိုးပေးလိုက်ရပါတယ်။ 

ဂိုးပေးလိုက်ရပြီးနောက်မှာ ယူနိုက်တက်ပရိသတ်တွေကတော့ အိုနာနာကို တော်တော်လေးဒေါသထွက်နေပြီဖြစ်ကာ ဆိုရှယ်မီဒီယာမှာတော့ တော်တော်လေးပွဲဆူနေခဲ့ပါတယ်။ X ဆိုရှယ်မီဒီယာမှာတော့ ပရိသတ်တွေက အခုလိုပဲ​ေပြောဆိုနေခဲ့ကြပါတယ်။ 



"အိုနာနာက နောက်တခါ ဆိုးရွားတဲ့ အမှားကို လုပ်ပြန်ပြီ၊ ဒီလိုပုံနဲ့ ငါတို့ ဘယ်လိုရှေ့ဆက်ကြမလဲ" ၊ "ကက်စ်မဲရိုးအမှားပါါ၊ ဒါပေမယ့် အိုနာနာပါပဲ၊ အရမ်းဆိုးရွားတဲ့ ဂိုးသမားပါဗျာ" ၊

"အာဖရိကဖလားပွဲက ဘယ်တော့စမှာလဲ၊ သူ ထွက်သွားဖို့ လိုနေပြီ"စသဖြင့် ရေးသားခဲ့ကြပါတယ်။  

Share

Loading Next Article...
က္က