အာဖရိကတနှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးသစ် ဆာဒီယိုမာနေးကတော့ အာဖရိကတနှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ မနေ့ကမှ အသင်းသစ်ဘိုင်ယန်အတွက် ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တဲ့ မာနေးက နေ့တောင်မကူးခင်ဘဲ အာဖရိကရဲ့ အမြင့်ဆုံးတဦးချင်းဆုကို ဆွတ်ခူးနိုင်ခဲ့ကာ သူ့အတွက်တော့ မင်္ဂလာရှိတဲ့​ နေ့လေးတနေ့ဖြစ်လာခဲ့ပါတယ်။ 

ဆီနီဂေါကို အာဖရိဖလားချန်ပီယံဖြစ်အောင် အဓိကနေရာက ပါဝင်ကူညီပေးခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအ​ောင်မြင်အောင်လည်း မာနေးက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကွင်းတွင်းက သူ့ရဲ့ခြေစွမ်းတွေအပြင် ကွင်းပြင်ပက သူ့ရဲ့ လူသားဆန်တဲ့လုပ်ရပ်တွေကြောင့်လည်း ဒီနှစ်အတွင်းမှာ အထင်ပေါ်ဆုံး ဘောလုံးကစားသမားတဦးအဖြစ် ရှိနေခဲ့တဲ့ မာနေးအတွက် ထိုက်တန်တဲ့ဆုတခုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းမှာ အီဂျစ်တိုက်စစ်မှူးဆာလာနဲ့ ဆီနီဂေါဂိုးသမားမန်ဒီ၊ မာနေးတို့ ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားပြီးဖြစ်တဲ့ မာနေးက ၂ နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းဖော်ဟောင်းဆာလာရဲ့ နှစ်နှစ်ဆက်တိုက်ဆွတ်ခူးခဲ့တဲ့ စံချိန်ကိုပါ လိုက်မီခဲ့ပါတယ်။ 

မာနေးဟာ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိမယ်လို့ အပြတ်အသတ်ရေပန်းစားနေခဲ့သူဖြစ်ပြီး ပရိသတ်တွေအားလုံးကလည်း တညီတညာတည်းပဲ မာနေးကို ထောက်ခံခဲ့ကြတာပါ။ ဒီနှစ် အာဖရိကတနှစ်တာအကောင်းဆုံးကစားသမားဆုက ဆုပေးပွဲသက်တမ်းတလျှောက်မှာ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူအကျဆုံးဖြစ်ခဲ့တယ်လို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ 

Share

Loading Next Article...
က္က