Myanmar Idol ရဲ့ Voting System အကြောင်းတွေ ပြောပြလာပါတယ်။

Myamar Idol (Season-4) သီချင်းဆိုပြိုင်ပွဲမှာတော့ ဘယ်လောက်ပဲ သီချင်းဆိုကောင်းတဲ့လူဖြစ်ပါစေ Voting နည်းရင်တော့ ပြိုင်ပွဲကနေ ထွက်ရမှာပဲလို့ ဆရာမ ထရေစီက ဆိုပါတယ်။ ပရိသတ်တွေကလည်း အားပေးတဲ့ ပြိုင်ပွဲဝင်တွေကို ကိုယ်တိုင် Vote ပေးဖို့ ပြောခဲ့ပါတယ်။

Photo: Tracy



Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Voting စနစ်နဲ့ပတ်သက်ပြီး အသံပိုင်းဆိုင်ရာသင်ပြပေးသူ ဆရာမ ထရေစီက မီဒီယာ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

“ ဒီမှာ Voting အားလုံးသည်အစစ်ဖြစ်တယ်။ အာမခံတယ်။ Vote ကိုတော့ ကိုယ်တိုင်ပေးစေချင်တာပါ။ ကိုယ်မပေးတတ်ရင်တောင် ပေးတတ်တဲ့လူရဲ့ ဘေးမှာ ထိုင်ပြီးတော့ အတူတူတစ်ခါတည်းပေးရင်တော့ ပိုကောင်းတာပေါ့။ သူများကို လုပ်ခိုင်းတဲ့အခါကျရင် ၅၀၀၀ လုပ်ခိုင်းရင် ၄၀၀၀ပဲလုပ်ပြီး သူ တစ်ထောင်ယူချင်လည်း ယူနိုင်တယ်လေ။ အဲဒါတွေကြောင့်လည်း Bottom ထိုင်ရတယ်လို့ ထင်တယ်” လို့ဆိုပါတယ်။

Photo: Tracy

ဆရာမ ထရေစီဟာ Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်တွေအတွက် Voting ပေးတဲ့အခါမှာလည်း ကိုယ်တိုင်ပေးတာသာ စိတ်အချရဆုံးပဲလို့ ပြောပါတယ်။

“တချို့ကျတော့ Voting မလုပ်တတ်ဘူးပေါ့။ အဲဒီတော့ သူများကိုလုပ်ခိုင်းတယ်ပေါ့နော်။ အဲဒီမှာ လုပ်ရမယ့်လူက မလုပ်ဘူးလို့ အသံသဲ့သဲ့ကြားဖူးတယ်။ ဟုတ်မဟုတ်၊ သတင်းအတိအကျကြီးလည်းမဟုတ်ပါဘူး။ ကိုယ့်ကိုလာပြောတာမဟုတ်ပေမယ့် ဒီသတင်းလေးကို ကြားမိတယ်။ အဲဒီအတွက်ကြောင့် Bottom ထိုင်ရတယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ညက Myanmar Idol သီချင်းဆိုပြိုင်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Tracy

Myanmar idol သီချင်းဆိုပြိုင်ပွဲဟာ Final ပွဲစဉ်ရောက်တဲ့အထိ ပရိသတ်အားပေးမှုအဓိက လိုအပ်တယ်လို့ ပြောပါတယ်။ ပရိသတ် တွေရဲ့ Vote ကြောင့် Bottom ထိုင်ရတာ နဲ့ မထိုင်ရတာ ကွာသွားတယ်လို့လည်း ဆရာမ ထရေစီက ပြောပါတယ်။

 “Bottom ထိုင်ရတယ်ဆိုတာက Voting အရသွားတာဖြစ်တဲ့အတွက် စိတ်ပူလို့လည်း မရဘူး။ အရမ်းကောင်းနေပေမယ့်လည်း Voting နည်းသွားရင် ထွက်ရမှာပဲ။ အရမ်းကောင်းနေလို့ သူကတော့ ကျိန်းသေ Winner ဖြစ်မှာပဲလို့ တွက်လို့မရဘူး။ ဒါဟာ ပရိသတ်ကို ရွေးချယ်ခွင့်ပေးတဲ့ ပွဲဖြစ်တဲ့အတွက်ကြောင့် တစ်မှတ်လေး လျှော့သွားတာနဲ့ သူက ထွက်ရမှာပဲ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Tracy

ဆရာမ ထရေစီဟာ Myanmar Idol (Season 1 ) ကနေ (Season 4) အထိ သီချင်းဆိုပြိုင်ပွဲဝင် တွေအားလုံးကို သင်ကြားပြသပေးရတာဖြစ်ပါတယ်။ သူမနဲ့အတူ ဆရာ ဥက္ကာဦးသာနဲ့ အကဆရာ အေးမင်းထွန်းတို့ကလည်း ပြိုင်ပွဲဝင်တွေကို သေသေချာချာ သင်ကြားပေးလေ့ရှိပါတယ်။ အခုဆိုရင်တော့ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးဟာ Top-4 အထိ ရွေးချယ်ပြီးခဲ့ပြီဖြစ်ပါတယ်။ ပြိုင်ပွဲကနေပြီး နုတ်ထွက်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ကိုတော့ Wild Card နဲ့ ပြန်ခေါ်ဖို့ Voting System စတင်နေပြီလို့သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က