ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးထားတဲ့ ''တစ်ခါက ရန်ကုန်မြို့ပြ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆင်ဆာ ၆လအပိတ်ခံခဲ့ရ တယ် လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ လူမင်း၊မင်းရာဇာ၊စွမ်းဇာနည်၊ ဘုဏ်းသိုက်၊ဇွဲနိုင်ဝင်း၊မင်းခ၊ ညီထွဋ်ခေါင်၊ ထူးခြား၊ တိုင်ရွန် တို့နဲ့အတူ မိုးဟေကို၊ ဘေဘီမောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။
Photo: ညိုမင်းလွင်ဖေ့စ်ဘွတ်
ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူး ပုံဖော်ထားတဲ့ '' တစ်ခါက ရန်ကုန်မြို့ပြ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဆင်ဆာအဖွဲ့က ၆ လပိတ်လိုက်တယ် လို့ဆိုပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ရော့ခ်ဂီတကို ရူးသွပ်တဲ့လူငယ်တွေအကြောင်းတွေကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။
''Bad news first ကျွန်တော်ရိုက်ထားတဲ့ " တစ်ခါက ရန်ကုန်မြို့ပြ " ဇာတ်ကား ခြောက်လအပိတ်ခံရပါတယ်၊ ကျွန်တော့် ဆီ ကို စာရွက် မရောက်လာသေးတဲ့အတွက် ဘာ့ကြောင့်ပိတ်တယ်ဆိုတာတော့ မသိသေးပါ၊ ဆင်ဆာအဖွဲ့ကချမှတ်ထားတဲ့ စည်းကမ်းချက် တစ်ခုခုနဲ့ ငြိစွန်းလို့ပိတ်တာဖြစ်တဲ့အတွက် ဘာမှစောဒကတက်ရန်မရှိပါ၊ ထို့အတူ အယူခံဝင်မှာလည်းမဟုတ်ပါ''လို့ ဆိုပါတယ်။
Photo: ညိုမင်းလွင်ဖေ့စ်ဘွတ်
တစ်ခါက ရန်ကုန်မြို့ပြ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လူမင်း၊မင်းရာဇာ၊စွမ်းဇာနည်၊ဘုဏ်းသိုက်၊ဇွဲနိုင်ဝင်း၊မင်းခ၊ညီထွဋ်ခေါင်၊ထူးခြား၊တိုင်ရွန် တို့နဲ့အတူ မိုးဟေကို၊ ဘေဘီမောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဆင်ဆာပိတ်ခံလိုက်ရတဲ့ ဇာတ်ကားအစား နောက်ထပ် ပို ကောင်းတဲ့ ဖန်တီးမှုတွေဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
''ထုတ်လုပ်သူက အသစ်ဖြစ်တဲ့အပြင် ဇာတ်ကားရဲ့ကောင်းခြင်း၊ဆိုးခြင်းဟာ ဒါရိုက်တာမှာသာ တာဝန်ရှိတဲ့အတွက် ဇာတ်ကားကိုအရေးမယူပဲ ကျွန်တော့်ကိုအရေးယူမယ်ဆိုရင်လည်း လက်ခံမှာဖြစ်ပါတယ်၊ဒါကတော့ ပရိသတ်ကိုအသိပေးသင့်တယ်ထင်တဲ့၊ ကျွန်တော်ပြောပြချင်တဲ့ Bad news ပါပဲ။ မနက်ဖြန်ညမှာ Good news တစ်ခုကို ပြန်ယူလာပေးပါ့မယ်၊ With love, ညိုမင်းလွင်'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ည ၈နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
ရော့ခ်ဂီတကို ရူးသွပ်တဲ့လူငယ်တွေအကြောင်းရုပ်ရှင်ဖန်တီးသွားမယ့် ဒါရိုက်တာညိုမင်းလွင်
Photo: ညိုမင်းလွင်ဖေ့စ်ဘွတ်
ဖြစ်ရပ်မှန်ဇာတ်ကားရိုက်ကူးဖို့ ဖေ့စ်ဘွတ်ကနေ ကြေငြာခဲ့ပြီးမှ အကြောင်း ကြောင်းကြောင့် မရိုက်ဖြစ်တော့တာနဲ့ပတ်သက်ပြီး ထုတ်လုပ်သူ ကိုမေးပါလို့ သူကဆိုပါတယ်။ အခုလက်ရှိမှာလည်း မနုစာရီရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးနေပြီး ဇူလိုင်လမှာ သရဲကားတစ်ကားရိုက် ဖိ့ုရှိတယ်လို့ ဒါရိုက်တာ ညိုမင်းလွင် က Duwun Media ကို ပြောပြခဲ့ပါတယ်။
Photo: ညိုမင်းလွင်ဖေ့စ်ဘွတ်
ညိုမင်းလွင်ရိုက်ကူးထားတဲ့ Ananda ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးရဲ့ ထွေလာကို ၂၀၁၈ ခုနှစ် မေလအတွင်းက မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ မိတ်ဆက်ပြီး ၃ နာရီအချိန်အတွင်းမှာပဲ ကြည့်ရှု့အားပေးသူ ပရိသတ် တော်တော်များများ ရှိခဲ့ပါပြီ။