သူမဟာ အနုပညာအလုပ်ကို ဝါသနာအရင်းခံပြီးကြိုးစားလာခဲ့တာဖြစ်ပါတယ်။

အိချောပိုက အနုပညာနဲ့ပတ်သက်လာရင် အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါတဲ့။ သူမက အလုပ်နဲ့ပတ်သက်လာရင် အရမ်းလောဘကြီးတတ်သူ မဟုတ်တဲ့အကြောင်း ပြောပြလာပါတယ်။

Photo: Ei Chaw Po

ပရိသတ်အချစ်တော်မလေး အိချောပိုဟာ အနုပညာလောကထဲကို မျိုးရိုးမရှိပဲ ဝါသနာအရင်းခံပြီး ဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ ဒါကြောင့် သူချစ်တဲ့ အနုပညာအတွက် အရည်အချင်းပြည့်ဝအောင်လို့ အမြဲကြိုးစားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’အိချောလေ အနုပညာလောကထဲကို စရောက်ကတည်းက ပြောနေကြ စကားလေးတစ်ခွန်းရှိပါတယ်။ အနုပညာအရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်ဆိုတာလေ။ အနုပညာအရည်အချင်းပြည့်ဝအောင်ပဲ ကြိုးစားချင်တယ်’’လို့ ဆိုပါတယ်။

Photo: ALinYAung

အိချောပိုရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့အချိန်ထိ သူမရိုက်ခဲ့ပြီးတဲ့ ဇာတ်ကားတိုင်းကို ပြန်ကြည့်လေ့ရှိပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်တွေအပေါ် ပြန်ပြီးသုံးသပ်လေ့ရှိတယ်လို့ ဆက်လက်ပြောပါတယ်။

‘’တစ်ခါတလေ ကိုယ့်ဇာတ်ကားကိုယ်ကြည့်ပြီး လိုအပ်တာလေးတွေလည်း တွေ့တယ်။ နောက်တစ်ကားကျရင် အဲဒီလိုမဖြစ်အောင် ငါဘယ်လို သရုပ်ဆောင်လိုက်ရင်ကောင်းမလဲ ဆိုပြီးတော့ ပိုပိုပြီး ကြိုးစားနေရတာပေါ့’’ လို့ သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Ei Chaw Po

အခုချိန်မှာတော့ အိချောပိုဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမရဲ့အောင်မြင်မှုအပြင် သူမရဲ့ အချစ်ရေးကိုပါ ပရိသတ်တွေက စိတ်ဝင်စားလို့နေပါတယ်။ ဒါပေမယ့် သူမကတော့ ဖြစ်တည်လာတဲ့ အလုပ်အပေါ်မှာပဲ အကောင်းဆုံးကြိုးစားသွားမှာပါတဲ့။

‘’ အိချောက အောင်မြင်မှုနောက်ကိုလည်း မလိုက်ချင်ဘူး။ အချစ်ရေးနောက်ကိုလည်း မလိုက်ချင်ဘူး။ အောင်မြင်မှုဆိုတာကလည်း ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်မှာလေ။ ငါအောင်မြင်ရမယ် ဆိုတဲ့ လောဘကြီးလည်း မရှိဘူး။ အတတ်နိုင်ဆုံးကိုယ်လျှောက်တဲ့လမ်း၊ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာအကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်ပဲ ထားတယ်။ ဘယ်အရာနောက်မှ အိချောမလိုက်တတ်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Ei Chaw Po

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေ အားကျရသလို ဇာတ်ရုပ်တိုင်းမှာ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က