အင်္ဂလိပ်ကလပ်အသင်း ၂ သင်းစလုံးအတွက် ကြပ်တည်းတဲ့ ဥရောပပွဲချိန်ဇယားက ပြဿနာ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အာဆင်နယ်ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေဟာ ယခုရာသီမှာ ဂန်းနားတွေ ရမှတ်လျော့ကျမယ့်အကြောင်းအရင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ဘာမဆိုဖြစ်နိုင်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလိပ်ကလပ်အသင်း ၂ သင်းစလုံးအတွက် ကြပ်တည်းတဲ့ ဥရောပပွဲချိန်ဇယားက ပြဿနာ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

"ပွဲတွေအများကြီးကစားဖို့ရှိသေတးယ်။ အများကြီးဖြစ်လာနိုင်စရာ ရှိနေပါသေးတယ်။ သူတို့တွေက ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ရမှတ်တွေ လျော့ကျလို့မရဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့် အခု သူတို့တွေ ယူရိုပါလိဂ်ကိုလည်း စကစားရတော့မယ်။ အရာတော်တော်များများ ဖြစ်ပျက်လာတော့မှာပါ"

"သူတို့တွေ ရမှတ်တွေ လျော့ကျတော့မှာပါ။ ကျွန်တော်တို့လည်း ရမှတ်တွေ လျော့ကျတော့မှာပါ။ အမှတ်အနည်းဆုံးလျော့ကျအောင် လုပ်နိုင်တဲ့အသင်းက ချန်ပီယံဖြစ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၂ နေရာကို လွှမ်းမိုးထားခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ စီးတီးနဲ့ လီဗာပူးလ်တို့ လွှမ်းမိုးနိုင်ခဲ့ပြီးနောက် ဂန်းနားတွေက ဆုဖလားစိန်ခေါ်သူအသစ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က