တန်ဟက်ရဲ့အသင်းက ပိုမိုကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်လိမ့်မယ်လို့ ဖာဒီနန်က ယုံကြည်နေတာဖြစ်ပါတယ်။

ရီယို ဖာဒီနန်က အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့နောက်မှာ ရာသီပြီးဆုံးခဲ့ရင်တောင်မှ အာဆင်နယ်ထက် ပိုမိုကောင်းမွန်တဲ့ ရာသီကို ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေရဲ့ ဆုဖလားအလားအလာဟာ သောကြာနေ့ညမှာ အမှတ်ပေးဇယားကြမ်းကပ်နေတဲ့ ဆောက်သမ်တန်ကို သရေကျခဲ့ပြီးနောက် နောက်ထပ် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးအိမ်ကွင်း အစ်တီဟတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာသာ အနိုင် မရခဲ့ဘူးဆိုရင် ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရဖို့ ကျိန်းသေသလောက် ရှိသွားမှာ ဖြစ်ပါတယ်။

 

အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားမရဘဲ အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ရင်တောင်မှ တန်ဟက်ရဲ့အသင်းက ပိုမိုကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်လိမ့်မယ်လို့ ဖာဒီနန်က ယုံကြည်နေတာဖြစ်ပါတယ်။

“တကယ်လို့ အာဆင်နယ်သာ လိဂ်ဖလားကို မရဘဲ မန်ယူနိုက်တက်က အဆင့် ၃ နေရာမှာ ရပ်တည်ပြီး ဆုဖလားတစ်လုံးရခဲ့တာကြောင့် သူတို့က ပိုကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။ ပရိသတ်တွေကို ခဏမေ့ထားလိုက်။ ခင်ဗျားက ကစားသမားတစ်ယောက်ဆိုပါစို့။ ခင်ဗျား အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးပြီး ဖလားတစ်လုံးရတယ်။ ကာရာဘောင်းဖြစ်ဖြစ် ဘာဖလားပဲ ဖြစ်ဖြစ်ပေါ့။ခင်ဗျားက အဲဒီအထက်မှာ ရာသီပြီးဆုံးပေမယ့် ဖလားတစ်လုံးမှမရဘူး။ ဘယ်သူက ပိုပြီး ပျော်ရွှင်တဲ့ကစားသမားဖြစ်မလဲ။ ခင်ဗျား အနားယူတဲ့အချိန်မှာ တစ်စုံတယောက်က ဒုတိယနေရာမှာ ရာသီပြီးဆုံးတာကို အိုး အရမ်းကောင်းတဲ့ရာသီဖြစ်ခဲ့တာပဲလို့ ပြောမှာမဟုတ်ဘူး ကျွန်တော် အဆင့် ၂ ရခဲ့တဲ့နှစ်ကို မမှတ်မိဘူး။ ကျွန်တော် ဖလားတစ်ခုခု ရခဲ့တဲ့နှစ်ကိုပဲ သတိရတယ်။ အဲဒါက ကာရာဘောင်းပဲဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ပဲဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်ပဲဖြစ်ဖြစ်ပါ။ ခင်ဗျား အဆင့် ၂၊ ၃၊ ၄ လောက်မှာ ရာသီပြီးဆုံးတာကို အမှတ်ရမှာမဟုတ်ဘူး။ အဲဒါက ဘောင်မဝင်ဘူး။ တကယ်လို့ ခင်ဗျားက အနိုင်ရပြီး ချန်ပီယံဖြစ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် အခုအာဆင်နယ်ဖြစ်နေတာ အဲဒါပဲ။ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်နေရတဲ့ကလပ်အသင်းကနေ ဆုဖလားရဖို့ ကြိုးပမ်းနေတဲ့ကလပ်အသင်းဖြစ်လာအောင် ကူးပြောင်းဖို့ ကြိုးစားနေတယ်။ သူတို့တွေက ဒုတိယနေရာကို အရမ်းကောင်းတယ်လို့ တွေးနေသေးတယ်ဆိုရင်တော့ အဲဒီမှာပဲ နေပြီး ဒုတိယနဲ့ပဲ ရာသီပြီးအောင် ဆက်လုပ်ပေါ့”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က