ပဲလေ့စ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်ကို ၂-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ ပါဝင်နေတာနဲ့ ပတ်သက်လို့ နောက်ပြောင်သွားခဲ့ပါတယ်။ လက်ရှိမှာ လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိနေကြတာပါ။



မနေ့ညက ကစားခဲ့တဲ့ပွဲတွေမှာတော့ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့သလို အာဆင်နယ်ကလည်း ဘရိုက်တန်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ညမှာတော့ လီဗာပူးက ပွဲကျပ်တစ်ပွဲအဖြစ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းထောက်က ဂွါဒီယိုလာကို နည်းပြဘဝတစ်လျှောက် ဒီရာသီဟာ ချန်ပီယံလုပွဲတွေရဲ့ အခက်ခဲဆုံးတွေထဲက တစ်ခုဖြစ်လာမလားလို့ မေးမြန်းခဲ့ပါတယ်။ ဒီအပေါ်မှာ ဂွါဒီယိုလာက “ကောင်းမွန်တဲ့ မေးခွန်းတစ်ခုပါပဲ။ ဘာစီလိုနာမှာတုန်းက အမြဲတမ်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ပဲ လုခဲ့ရတာပါ”

“ဘိုင်ယန်မြူးနစ်မှာတုန်းက ဒေါ့မွန်နဲ့ပေါ့။ ဒီတော့ သုံးသင်းအပြိုင်လုရတာ ဒီရာသီက ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဆင်နယ်က ဒီချန်ပီယံလုပွဲမှာ ဘာဝင်လုပ်တာလဲဗျာ” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ဂွါဒီယိုလာက “မဟုတ်ပါဘူး။ သူတို့ကိုလည်း ကြိုဆိုပါတယ်”

“ဒီတော့ ထိပ်တန်းအသင်းသုံးသင်းပေါ့ဗျာ။ ကျွန်တော်ပြောနိုင်တာကတော့ နောက်ဆုံးကျရင် ကျွန်တော်တို့က အရမ်းကို ကျဉ်းမြောင်းတဲ့ ကွာခြားချက်နဲ့ပဲ ချန်ပီယံလုပွဲက ပြီးဆုံးသွားမှာပါ။ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို အတိအကျ သိထားပါတယ်။ မန်စီးတီးအနေနဲ့လည်း ချန်ပီယံဖြစ်ချင်ရင် လက်ကျန်ပွဲအားလုံးကို အနိုင်ရဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က