အတ္တလန်တာက ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

အတ္တလန်တာရဲ့ ဘယ်နောက်ခံလူ ကိုလာဆီနက်ဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးဥရောပဖလားကို မနေ့ညက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အတ္တလန်တာက လေဗာကူဆင်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။



ကိုလာဆီနက်ဟာ အာဆင်နယ်မှာ (၅) နှစ်ကြာ ကစားခဲ့ဖူးပေမယ့် ဥရောပအောင်မြင်မှုကို မရရှိခဲ့ဖူးပါဘူး။ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတို့ကိုသာ ရရှိခဲ့ဖူးပြီး​​ (၂၀၁၉) မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ် တက်ရောက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲ့ဒီနှစ်က ယူရိုပါလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကို အာဆင်နယ်တို့ ဂိုးပြတ်ရှုံးပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အခု ဒီနှစ်မှာတော့ ကိုလာဆီနက်က အတ္တလန်တာနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ကစားရင်း ယူရိုပါလိဂ်ဆုဖလားကြီးကိုပါ ကိုင်မြှောက်နိုင်ခဲ့တာပါ။

ကိုလာဆီနက်ဟာ အာဆင်နယ်က ထွက်ခွာပြီးနောက် မာဆေးလ်မှာ တစ်ရာသီကြာ ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် မာဆေးလ်မှာလည်း ကိုလာဆီနက်က ဆုဖလား အောင်မြင်မှုမရရှိခဲ့ဘဲ အခု အတ္တလန်တာကို ရောက်ရှိမှသာ ဆုဖလားတွေနဲ့ နီးနီးစပ်စပ်ဖြစ်ခဲ့တာပါ။

အတ္တလန်မှာတော့ ဒီတစ်ရာသီအတွင်း ကိုပါအီတလီယာဖလား ဖိုင်နယ်ကို တက်ရောက်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကိုပါအီတလီယာဖလား ဖိုင်နယ်မှာ ဂျူဗင်တပ်စ်ကို အရေးနိမ့်ခဲ့ပေမယ့် ကိုလာဆီနက်က ယူရိုပါလိဂ်ချန်ပီယံဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ပြီး ပရိသတ်တွေကတော့ ကိုလာဆီနက် အာဆင်နယ်က ထွက်မှပဲ ဥရောပအောင်မြင်မှု ရယူနိုင်တော့တယ်လို့ သုံးသပ်နေကြပါတယ်။

Share

Loading Next Article...
က္က