ဖီအိုရင်တီးနားရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ဗလာဟိုဗစ်ဟာ အာဆင်နယ်နဲ့ သဘောတူညီမှုရရှိပြီလို့ သတင်းတွေထွက်ခဲ့သူလည်းဖြစ်ပါတယ်။
Sky Sport Italia ရဲ့ အပြောင်းအရွှေ့စျေးကွက်ကျွမ်းကျင်သူ နာမည်ကျော်သတင်းထောက် ဂီအန်လူကာဒီမာဇီယိုရဲ့ ပြောဆိုချက်အရ အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကို ခေါ်ယူဖို့ ဆက်သွယ်နေပေမယ့် ကစားသမားရဲ့အေးဂျင့်က ဖုန်းမကိုင်တာကြောင့် အခက်ကြုံနေရတယ်လို့ သိရပါတယ်။
ဖီအိုရင်တီးနားရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ဗလာဟိုဗစ်ဟာ အာဆင်နယ်နဲ့ သဘောတူညီမှုရရှိပြီလို့ သတင်းတွေထွက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက်ခြေစွမ်းပြနေပြီး ထိပ်တန်းအဆင့်တိုက်စစ်မှူးဖြစ်လာမယ့် အရည်အသွေးတွေရှိနေတဲ့ ဗလာဟိုဗစ်ကို အာဆင်နယ်က တော်တော်လေးစိတ်ဝင်စားနေကာ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ဆိုပါတယ်။
ဖီအိုက သူတို့ကစားသမားကို ယူရိုသန်း ၈၀ ရရှိမယ်ဆိုရင် ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အပြင် အခြားသောထိပ်တန်းအသင်းတချို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီး လာမယ့်ဇန်နဝါရီစျေးကွက်ဖွင့်ချိန်မှာတော့ သူ့အတွက် လှုပ်ရှားမှုတွေကို မြင်တွေ့ရဖို့ရှိနေကာ အာဆင်နယ်က လက်ဦးမှုရယူဖို့အတွက် အားထုတ်နေပြီဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက်နဲ့ စီမံကိန်းတွေကို ချပြကာ ကစားသမားကိုဆွဲဆောင်ဖို့ ဖုန်းဆက်နေခဲ့ပေမယ့် အေးဂျင့်က ဖုန်းတောင်မကိုင်တော့လို့ အဆင်မပြေဖြစ်နေပြီး တိုးတက်တဲ့အခြေအနေတွေမရှိဘူးလို့ သိရပါတယ်။ ဒါဟာ ကစားသမားဘက်က မှာကြားထားလို့ပဲလား၊ ဒါမှမဟုတ် အေးဂျင့်ဖြစ်သူကပဲ မကိုင်တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ရှိနေပါတယ်။