ကာဆယ်နည်းပြဘ၀ ပထမဆုံးပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာပါ။

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေကို အိမ်ကွင်းမှာပဲ ရိုက်ချိုးခဲ့ပြီးနောက် နယူးကာဆယ်နည်းပြအက်ဒီဟိုဝီက ညကပွဲစဉ်မှာ ကစားသွားတဲ့ခြေစွမ်းဟာ သူ ရောက်ရှိချိန်ကစပြီး အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဟိုဝီရဲ့ အသင်းဟာ မိနစ် ၉၀ လုံးလုံးလွှမ်းမိုးကစားနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

နယူးကာဆယ်ရဲ့ တိုးတက်လာမယ့်အရိပ်အယောင်တွေကို ထပ်မံပြသခဲ့တဲ့ ပွဲလည်းဖြစ်ပြီး လာမယ့်ရာသီမှာ သူတို့ကသတိထားရတော့မယ့် အသင်းဆိုတာကိုလည်း အက်ဒီဟိုဝီက အားလုံးကို ပြသခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ BBC နဲ့ အင်တာဗျူးလုပ်ခဲ့ရာမှာ ဟိုဝီက "ကြီးမားတဲ့ ပြောင်းလဲမှုကို လုပ်ပြခဲ့တာပါ (ဟိုဝီရဲ့ ကာဆယ်နည်းပြဘ၀ပထမဆုံးပွဲမှာ အာဆင်နယ်ကိုရှုံးခဲ့တာပါ)၊ အဲဒီတုန်းကတော့ တကယ်ကိုစိတ်ပျက်စရာနေ့ပါပဲ"

"အဲဒီနေ့က ခက်ခဲတဲ့အနေအထားနဲ့ ကျနော်တို့ ကွင်းထဲကထွက်လာခဲ့ရပါတယ်၊ လက်ကျန်ရာသီဝက်မှာ ကြီးမားတဲ့ပွဲတပွဲရှိတယ်ဆိုတာ ကျနော်တို့သိထားတယ်၊ ကံကောင်းစွာနဲ့ပဲ ကစားသမားတွေက ဒီစိန်ခေါ်မှုကို ပြောင်မြောက်စွာတုံ့ပြန်ခဲ့ကြပါတယ်၊ ဒီအသင်းကို ကျနော်စရောက်ကတည်းက အကောင်းဆုံးခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပါ"

"Aggressive အရမ်းဖြစ်ခဲ့တယ်၊ ရုပ်ပိုင်းဆိုင်ရာလည်း အားကောင်းခဲ့တယ် လွယ်ကူတဲ့ပွဲတော့မဟုတ်ပါဘူး၊ အာဆင်နယ်က ထိပ်တန်းအရည်အသွေးရှိပြီး ကစားသမားတွေကလည်း အသိအမှတ်ရမယ့်သူတွေပါ၊ ဒီနိုင်ပွဲကြောင့် ကျနော်တို့ အောင်မြင်မှုမရဘူးဆိုတာကို သိထားပေမယ့် အနာဂတ်မှာ ထိပ်တန်းအသင်းတွေကို ပြိုင်ဆိုင်ရဖို့ရှနေလို့ ဒီနိုင်ပွဲက ယုံကြည်မှုပေးနိုင်ခဲ့ပါတယ်၊ ဒါကပဲ ဒီနေ့မှာ ကူညီခဲ့တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ဒီနိုင်ပွဲကြောင့် နယူးကာဆယ်ဟာ အဆင့် ၁၂ နေရာကိုတက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးကို အရှုံးပေးရဖို့ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က