ဗလာဟိုဗစ် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ရောက်ရှိတော့မှာပါ။

ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်ကိုပဲ ပြောင်းရွှေ့ရောက်ရှိတော့မယ်လို့ သိရှိရပါတယ်။ ဒီသတင်းကိုတော့ နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုက အတည်ပြုပေးခဲ့တာပါ။



ဂျူဗင်တပ်စ်ဟာ ဗလာဟိုဗစ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဖီအိုရင်တီးနားကလည်း ဒါကို လက်ခံဖို့ အဆင်သင့်ရှိခဲ့ပါပြီ။ ဗလာဟိုဗစ်နဲ့အေးဂျင့်ဖြစ်သူတို့ဟာ ဂျူဗင်တပ်စ်နဲ့ အသေးစိတ်ကိစ္စရပ်တွေကို ဆွေးနွေးနေပြီး နာရီပိုင်းအတွင်းမှာပဲ အားလုံး အပြီးသတ်မယ်လို့ဆိုပါတယ်။

ဗလာဟိုဗစ်အနေနဲ့ လတ်တလော အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုအပြင် ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့ိုတင်ခေါ်နလက်တးမှာပဲ အားလုူညီမှ မသိပါဘူးဆောက်ထားတာပအပေါ် အပြည့်အဝ ယုံကြည်ထားပြီဖြစ်ပါတယ်။

ဖီအိုရင်တီးနားဘက်ကလည်း ဗလာဟိုဗစ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဘေဆယ်ရဲ့ ဘရာဇီး တိုက်စစ်မှူး အာသာကာဘရယ်ကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုပြုလုပ်ထားပြီလို့ သိရပါတယ်။ ဗလာဟိုဗစ်နဲ့ ပတ်သက်လို့ ဖီအိုရင်တီးနားဘက်က ကစားသမားရဲ့ ဆန္ဒကိုလည်း ထည့်သွင်းစဥ်းစားပေးခဲ့တယ်လို့ ဆိုပါတယ်။

အာဆင်နယ်ဟာ ဗလာဟိုဗစ်အတွက် လက်ရှိ ဘောလုံးရာသီစပြီး မကြာခင်မှာတည်းက ဆက်တိုက်ကြိုးစားခဲ့တာဖြစ်ပြီး နှစ်သင်းအကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုအထိ ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ဗလာဟိုဗစ်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နည်းနည်းလေးမှ စိတ်မဝင်စားခဲ့ဘဲ နောက်ဆုံးမှာတော့ အခုလိုပဲ ဂျူဗင်တပ်စ်ကိုသာ ပြောင်းရွှေ့တော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က