အာဆင်နယ်တို့ (၆) ရက်အတွင်း (၃) ပွဲကစားရမှာပါ။

အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ရဲ့ ပွဲစဥ်ဇယား ရေးဆွဲမှုအပေါ် အရွဲ့တိုက်ပြောကြားလိုက်ပါတယ်။ အာတီတာဟာ ရဲ့ အာဆင်နယ်ဟာ မနေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ဂျိုတာ၊ ဖေမီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။



အာဆင်နယ်ဟာ ဒီလိုမျိုးရှုံးပွဲကြုံခဲ့သည့်တိုင် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေဆဲဖြစ်ပြီး လီဗာပူးကလည်း ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို တမှတ်အကွာနဲ့ ဖိအားပေးလိုက်ပါတယ်။

ဒီပွဲအပြီးမှာတော့ အာတီတာက “ကျနော်တို့အသင်းကို ပွဲကျပ်အောင်လုပ်ပေးထားတဲ့ ပရီးမီးယားလိဂ်ကို အရမ်းကျေးဇူးတင်ပါတယ်။ နောက်ပြီး သူတို့က ကျနော်တို့ကို ယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့ ဆက်ကစားရအောင် လုပ်ပေးထားခဲ့ပါသေးတယ်။ ဒီတော့ ပြိုင်ဘက်တွေကို ပရီးမီးယားလိဂ်က အခွင့်အရေးပေးချင်တာလား”

“အဲ့ဒါဆိုရင်တော့ ကျနော်က သူတို့ကို ဒီလိုလုပ်တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာတီတာရဲ့ အာဆင်နယ်ဟာ တနင်္ဂနွေညက နောက်ကျပွဲအဖြစ် လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပါတယ်။

အဲ့ဒီနောက် ဗုဒ္ဓဟူးညမှာ အခုလိုပဲ လီဗာပူးနဲ့ ဆက်လက်ကစားခဲ့ရတာဖြစ်ပြီး လာမယ့်စနေညမှာလည်း အက်စတွန်ဗီလာနဲ့ အစောပိုင်းပွဲစဥ်အဖြစ် ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ (၆) ရက်အတွင်း (၃) ပွဲအထိ ကစားရမှာဖြစ်သလို ပွဲချိန်တွေကလည်း နာရီအလိုက် ပိုင်းခြားကြည့်မယ်ဆိုရင် အာဆင်နယ်အတွက် ပွဲပန်းစေတယ်လို့ အာတီတာက ယုံကြည်နေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က