အာတီတာရဲ့အသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် အီတလီကွင်းလယ်ကစားသမားကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်း ဂျော်ဂျင်ညိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ အာဆင်နယ်ကို အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် အသင်းဟောင်းကို မသိမသာ ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၄ ခုနှစ် နွေရာသီအထိ ရှိနေစေမယ့် ၁၈ လ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ တစ်နှစ်သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုအတွက် အာဆင်နယ်အသင်းဟာ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းအပြင် နောက်ထပ် ထပ်ဆောင်းပေးချေမှု ပေါင် ၂ သန်း ပေးချေဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် အီတလီကွင်းလယ်ကစားသမားကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျင်ညိုဟာ ချဲလ်ဆီးအသင်းမှာ ၄ ရာသီခွဲကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်တာကြောင့် ပရီးမီးယားလိဂ်အတွေ့အကြုံများစွာရှိသူဖြစ်ပြီး အာတီတာဟာ ၂၀၂၀ နွေရာသီတုန်းကလည်း အီတလီကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။ နာပိုလီကြယ်ပွင့်ဟောင်းဟာ အမ်းမရိတ်စ်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံးအင်တာဗျူးမှာ အာတီတာဟာ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ ဆွဲဆောင်ခဲ့တဲ့ အဓိကလူဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းကြောင့်သာ စောစောစီးစီး ပြောင်းရွှေ့နိုင်ခြင်းမရှိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"သူက ကြီးမားတဲ့ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို အရင်ကတည်းက ဒီကိုခေါ်နိုင်ဖို့ အကြိမ်အနည်းငယ် ကြိုးပမ်းခဲ့ဖူးတယ်ဆိုတာကို ကျွန်တော် သိနေပြီး အပြောင်းအရွှေ့က တခြား အကြောင်းအရင်းတွေကြောင့် ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော့်ရဲ့ဆန္ဒကြောင့်မဟုတ်ပါဘူ။ အဲဒီတော့ ဟုတ်ပါတယ်။ သူက ကြီးမားတဲ့လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ကျွန်တော် ဒီစိန်ခေါ်မှုအသစ်အတွက် အရမ်းကို စိတ်လှုပ်ရှားမိခဲ့ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ကွင်းထဲမှာ ဝင်ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ အရာအားလုံးက အရမ်းမြန်မြန် ဖြစ်ပျက်နေတယ်။ ကျွန်တော် နည်းနည်း အံ့အားသင့်မိခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဒီအံ့အားသင့်ဖွယ် စိန်ခေါ်မှုက ပေးလာတဲ့ အခွင့်အရေးကို အရယူခဲ့ပါတယ်"


"အာဆင်နယ်ရှပ်က အရေးပါတဲ့ရှပ်တစ်ခုပါ။ အံ့အားသင့်စရာအသင်းဖြစ်ပြီး အသင်းကြီးတစ်သင်းပါ။ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားမိပြီး ဒီမှာရှိရတာကို ပျော်ရွှင်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က