မက်ဂွိုင်းရားက ဒီပွဲမှာ ပုံစံကောင်းပြနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ယူနိုက်တက်ပရိသတ်အချို့ဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအပြီးမှာ မက်ဂွိုင်းရားကို ရည်ရွယ်ကာ လှောင်ပြောင် အော်ဟစ်ခဲ့ကြပြီး ကျန်ပရိသတ်အချို့ကတော့ မက်ဂွိုင်းရားကို ကာကွယ်ပေးခဲ့ပါတယ်။ ဒီပွဲမှာ မက်ဂွိုင်းရားက ယူနိုက်တက်အတွက် ဒုတိယပိုင်းမှာ ပါဝင်ကစားပေးခဲ့ပါတယ်။



ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အခုခြေစမ်းပွဲမှာ သာမန်ပွဲကစားချိန်အတွင်း ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချိုတို့ရဲ့ ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပင်နယ်တီ ကန်သွင်းချိန်မှာလည်း ယူနိုက်တက်ကပဲ ၅-၃ ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်အချို့ကတော့ မက်ဂွိုင်းရားကို မလိုအပ်ဘဲ လှောင်ပြောင်အော်ဟစ်ခဲ့ကြပြီး မက်ဂွိုင်းရားကတော့ လေးစားမှုရှိရှိနဲ့သာ ပရိသတ်တွေကို တုံ့ပြန်သွားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ဒီနွေမှာ သူ့ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဘရူနိုဖာနန်ဒက်စ်ထံ လွှဲပြောင်းပေးအပ်ခဲ့ရပြီး အသင်းကနေ ထွက်ခွာဖို့အတွက်လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ယူနိုက်တက်ပရိသတ်တွေကတော့ “မက်ဂွိုင်းရားက အာဆင်နယ်နဲ့ပွဲမှာ ပုံစံကောင်းပြခဲ့ပြီး သူ့ကို လေးစားမှုထားသင့်ပါတယ်” “တကယ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်ပဲ။ သူက ပုံစံကောင်းပြခဲ့ချိန်မှာတောင် ဒါမျိုး ရင်ဆိုင်ခဲ့ရတာပါ” “မက်ဂွိုင်းရားက မုန်းတီးမှုတွေနဲ့ မထိုက်တန်ပါဘူး။ သူက ယူနိုက်တက်ကို စရောက်ကတည်းက အသင်းအတွက် အကောင်းဆုံး လုပ်ပေးခဲ့တာပါ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။

အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းရားအနေနဲ့ အသင်းမှာ ဆက်နေပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နိုင်စွမ်းရှိကြောင်းလည်း နည်းပြ အဲရစ်တန်ဟက်ခ်က ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ဒီကစားသမားအတွက ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်။ 

Share

Loading Next Article...
က္က