ကက်စ်မဲရိုးရဲ့ အမှားကြောင့် ပေးလိုက်ရတာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက အာဆင်နယ်ကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပေးလိုက်ရတဲ့ဂိုးအတွက် ဗဟိုနောက်ခံလူ နေရာမှာ ကစားခဲ့တဲ့ ကက်စ်မဲရိုးကို ပြစ်တင်ဝေဖန်နေကြကြောင်း သိရှိရပါတယ်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ထရော့ဆက်ဒ်က သွင်းယူခဲ့တာပါ။



အာဆင်နယ်ဟာ​ ဒီသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံဆုမျှော်လင့်ချက်အတွက် မန်စီးတီးကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ နှစ်ပေါင်း (၃၀) အတွင်း အဆိုးရွားဆုံး ရာသီတစ်ခုကို ဖြတ်သန်းရတော့မှာပါ။

ထရော့ဆက်ဒ် သွင်းယူသွားတဲ့ ဂိုးမှာလည်း ကက်စ်မဲရိုးက လူကျွံထောင်ချောက်အတွင်း တော်တော်ဆိုးဆိုးရွားရွားကို ကျန်ရစ်ခဲ့ပါတယ်။ ဘရာဇီးသားက လမ်းလျှောက်နေခဲ့ပြီး ကိုင်ဟာဗက်ဇ်က လွတ်လွတ်ကျွတ်ကျွတ်နဲ့ကို ဘောလုံးလက်ခံရယူနိုင်ခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ ဧရိယာထဲ ခင်းပေးခဲ့ပြီး ဒီဘောလုံးကို ထရော့ဆက်ဒ်က အဆုံးသတ်ခဲ့ပါတယ်။ လူကျွံထောင်ချောက်မှာ ကျန်ခဲ့တဲ့ ကက်စ်မဲရိုးဟာ ထရော့ဆက်ဒ်ကိုလည်း မတားဆီးနိုင်ခဲ့ဘဲ ထရော့ဆက်ဒ်က သူ့နောက်ကနေ ကျော်ဝင်ပြီး ပိတ်သွင်းခဲ့တာပါ။

ကက်စ်မဲရိုးဟာ ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပေမယ့် အသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဗဟိုနောက်ခံလူနေရာကို ဆင်းကစားနေရတာပါ။ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ပွဲမှာလည်း ကက်စ်မဲရိုးက ဗဟိုနောက်ခံလူနေရာမှာ အမှားအယွင်းတွေ ကျူးလွန်ခဲ့ပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

Share

Loading Next Article...
က္က