အီတလီလက်ရွေးစင်နဲ့အတူ ပြီးခဲ့တဲ့ ယူရိုမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ကာလာဖီအိုရီက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်လာချိန်မှာ ချစ်သူနဲ့ ပြတ်စဲတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာရဲ့ အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြခဲ့တာပါ။
လက်ရှိမှာ အာဆင်နယ်က ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၂.၁) သန်း ပေးချေဖို့ အဆင်သင့်ရှိနေပါပြီ။ ဒါ့အပြင် ကလပ်နှစ်သင်းကြား၊ အာဆင်နယ်နဲ့ ကစားသမားတို့အကြားမှာလည်း သဘောတူညီမှုတွေရရှိထားပါတယ်။
ဒီလိုမျိုးတွေ သေချာနေသည့်တိုင် ဒီအပြောင်းအရွှေ့အတွက် တရားဝင်ကြေညာချက်တွေတော့ မရှိသေးပါဘူး။ ဒီအချိန်မှာ ကာလာဖီအိုရီရဲ့ ရည်းစားဟောင်း ဘိုမီက သူနဲ့ ကာလာဖီအိုရီတို့ ပြတ်စဲသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဘိုမီက ဒီသတင်းတွေကို ပြန်လည်ငြင်းဆန်ခဲ့ပြီး ဒီအကြောင်းကို ရေးတင်ခဲ့တာက သူ့ရဲ့အကောင့်ဟောင်းသာဖြစ်ကြောင်း၊ ဒီပြောကြားချက်တွေက မမှန်ကန်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေအတွက်တော့ စိတ်သက်သာရာရခဲ့ပြီး အမြဲတမ်း ဒုတိယလူအဖြစ် လှောင်ပြောင်ခံနေရတဲ့ အသံတွေကို ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီဖြစ်ပါတယ်။