အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးဖို့ အသံတွေဆူညံနေတာပါ။

ယူနိုက်တက်အနေနဲ့ ဒီည အာဆင်နယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအတွက် ပွဲထွက်ကစားသမားစာရင်းမှာ ရော်နယ်ဒိုကိုမဖြစ်မနေ ထည့်သွင်းရမယ်လို့ ရှရင်ဂမ်က သတိပေးပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့တာပါ။



အဲ့ဒီအတွက် ယာယီနည်းပြ ကာရစ်ရဲ့ လုပ်ရပ်ကို ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ရှရင်ဂမ်ကပါ ရွိုင်ကိန်းဘက်က ထောက်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ The Mirror သတင်းဌာနက ဒီညပွဲမှာ ရော်နယ်ဒိုပွဲထွက်သင့်လားဆိုတဲ့ မေးခွန်းအပေါ် ရှရင်ဂမ်က “ဒါပေါ့။ ဘာမှကို သံသယမရှိပါဘူး”

“ရွိုင်ကိန်း ဟိုတနေ့ညက ပြောခဲ့တဲ့စကားကို ကျနော် သဘောတူပါတယ်။ ရော်နယ်ဒိုက ဒီလိုမျိုး ပွဲကြီးပွဲကောင်းတွေကို ကစားဖို့ ယူနိုက်တက်ကို ပြန်လာတာလေ။ ဒီတော့ ရော်နယ်ဒိုရဲ့ အရည်အချင်းတွေကို ထုတ်သုံးရမှာပေါ့။ နာမည်ကြီး ကစားသမားတွေရဲ့အလုပ်ကလည်း ဒါပဲဖြစ်ပါတယ်”

“သူတို့က ဒီလိုပွဲကြီးတွေမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကို ပြသရပါမယ်။ ချဲလ်ဆီးနဲ့ပွဲမှာတည်းက ရော်နယ်ဒိုက ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့သင့်တာပါ။ အခု ဒီည အာဆင်နယ်နဲ့ပွဲမှာလည်း အတူတူပါပဲ။ ယူနိုက်တက်က ထိပ်ဆုံး (၄) သင်းထဲ ဝင်ဖို့ ကြိုးစားနေတာလေ”

“အာဆင်နယ်ဆိုတာက ယူနိုက်တက်အတွက် အမြဲတမ်း ရင်ဆိုင်ရခက်ခဲတဲ့ အသင်းကောင်းတသင်းပါ။ ဒီပွဲအတွက် ခင်ဗျားမှာရှိတဲ့ အကောင်းဆုံး ကစားသမားတွေကို သိပ်လိုအပ်တာပေါ့။ ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်ဆိုတာကို သံသယဖြစ်စရာမရှိပါဘူး” လို့ သုံးသပ်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ တဂိုးသာ သွင်းယူဖူးတာကြောင့် ဒီည အိမ်ကွင်းပွဲမှာရော ရော်နယ်ဒိုအနေနဲ့ အာဆင်နယ်ဘက်ကို ဂိုးသွင်းနိုင်ပါ့မလား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က