လီဗာပူးနဲ့ နှိုင်းယှဉ်ခဲ့တာပါ။

လီဗာပူး ဂန္တဝင်ကစားသမားဟောင်းကြီး ကာရေဂါက လက်ရှိ အာဆင်နယ်မှာ ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမား မရှိတဲ့အကြောင်း ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အနီးဆုံးကို ရောက်ရှိခဲ့တာပါ။



ဒါပေမယ့် ရာသီကုန်ခါနီးမှာ ခြေချော်ခဲ့တာကြောင့် မန်စီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ အခု ဒီရာသီမှာလည်း အာဆင်နယ်က ချန်ပီယံဆုကို အကောင်းဆုံး စိန်ခေါ်နေတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်။
တစ်ဖက်မှာလည်း အာဆင်နယ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး (၂) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၄) နေရာအထိ ဆင်းပေးလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားပါတယ်။
လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်လို့ ကာရေဂါက “အာဆင်နယ်ရဲ့ တိုက်စစ်ကစားသမား (၄) ယောက်စလုံးက ထိပ်တန်းအဆင့်ရှိပါတယ်။ ဒါပေမယ့် သူတို့က ကမ္ဘာ့အဆင့် ကစားသမားတွေတော့ မဟုတ်ပါဘူး။ ဆာကာကတော့ ကမ္ဘာ့အဆင့်ကို ရောက်လာနိုင်ပါတယ်”
“ဒါပေမယ့် ဒီပရီးမီးယားလိဂ်မှာ လီဗာပူးတို့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာက သူတို့ရဲ့ တိုက်စစ်မှာ မိုဟာမက်ဆာလာရှိနေလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အဓိက,ကစားသမားတွေအဖြစ် ဂျေးဆု၊ ဆာကာ၊ မာတီနယ်လီ၊ အန်ကီတီယာတို့ ရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က