သူနဲ့အတူ မာတင်နယ်လီနဲ့ ဂါဘရီရယ်တို့လည်း မပါဝင်ခဲ့ပါဘူး။

ဂါနာ၊ တူနီးရှားတို့နဲ့ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲတွေအတွက် ဘရာဇီးလ်အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ အာဆင်နယ်အတွက် ခြေစွမ်းပြနေတဲ့ ဂါဘရီရယ်ဂျီးဆပ်၊ ဂါဘရီရယ်မာတင်နယ်လီနဲ့ ဂါဘရီရယ်တို့ ချန်လှပ်ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ သူတို့ ၃ ဦးကို မရွေးချယ်ခဲ့တာက အံ့အားသင့်စရာကောင်းနေခဲ့ပြီး အခြားသောကစားသမားတွေတော့ ပါဝင်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘရာဇီးလ်သားတွေထဲက အီဒါဆန်၊ အယ်လစ်ဆန်၊ သီယာဂိုဆေးလ်ဗား၊ ဘရူနိုဂွီမာရေ့စ်၊ ဖာဘင်ဟို၊ ကက်စ်မဲရိုး၊ ဖရက်စ်၊ ပါကွေတာ၊ အန်တိုနီ၊ ဖာမီနို၊ ရစ်ချာလီဆန်တို့ ရွေးချယ်ခဲ့ရပြီး နေမာ၊ ဗင်နီရှပ်၊ ရိုဒရိုင်ဂို၊ ရာဖင်ဟာ၊ ကွန်ဟာ၊ တဲလက်စ်၊ ဘရီမာ၊ မီလီတာအို၊ မာကွင်ဟို့စ်၊ အိုင်ဘန်နက်ဇ်၊ အယ်ဗာတန်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ 

ဂါဘရီရယ်ဂျီးဆပ်ကတော့ ဒီရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၃ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ မာတင်နယ်လီကလည်း လိဂ်ဂိုး ၃ ဂိုးအထိ သွင်းယူပေးထားကာ ခြေစွမ်းပြနေတာပါ။ ခြေစမ်းပွဲအတွက် အဆိုပါကစားသမားတွေကို ခေါ်ယူသင့်ပေမယ့်လည်း တီထီကတော့ အတောင့်တင်းဆုံးလူစာရင်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိပါတယ်။ 

စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဘရာဇိးလ်က ဂါနာ၊ ၂၈ ရက်နေ့မှာ တူနီးရှားတို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ ဘရာဇီးလ်ရဲ့ ခြေစမ်းပွဲတွေရှိမှာမဟုတ်တော့ဘဲ ကမ္ဘာ့ဖလားပွဲအဖြစ် ကာတာကို သွားရောက်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာတော့ ဘရာဇီးလ်က Group G မှာ ကျရောက်နေပြီး ဆာဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ကစားသွားရမှာလည်းဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားသမိုင်းမှာ ဘရာဇီးလ်က အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ဆုဖလား ၅ ကြိမ်အထိ ဆွတ်ခူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက် ဘရာဇီးလ်တို့ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတာက နှစ်ပေါင်း ၂၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ကစားသမားအင်အားကြွယ်၀မှုနဲ့အတူ ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ 


ဂါဘရီရယ်ဂျီးဆပ်ကတော့ ကစားသမားဘ၀ကို ပါးမီးယပ်စ်မှာ အစပြုခဲ့ပြီးနောက် မန်စီးတီးကို ၂၀၁၇ မှာ ပြောင်းရွှေ့ခဲ့ပါတယ်။ ၅ နှစ်ကြာကစားခဲ့ပြီးနောက် အာဆင်နယ်ကို ထပ်မံပြောင်းရွှေ့ခဲ့ကာ ခြေစွမ်းပြနေတာပါ။ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း

ပွဲပေါင်း ၅၆ ပွဲအထိ ကစားပေးထားပြီး ၁၉ ဂိုးအထိ သွင်းယူပေးထားကာ ပုံမှန်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က