ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်ရာသီဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်တယ်လို့ သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ကြိုးပမ်းနေတဲ့ ၎င်းရဲ့အသင်းကို အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ဥပမာထားပြီး သတိပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ဗုဒ္ဓဟူးနေ့က လိဒ်စ်ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို ၅ မှတ်အထိ ပြန်လည်လျှော့ချနိုင်ခဲ့ပြီး ဟာလန်းနဲ့ ရိုဒရီတို့က ဂိုးတွေသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ယခုရာသီကုန်မှာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်(၁၉၉၉-၂၀၀၁၊ ၂၀၀၇-၂၀၀၉)နောက်ပိုင်း အင်္ဂလန်အမှတ်ပေးဖလားကို ၃ ကြိမ်ဆက် ရယူနိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီလိုသာ ရရှိခဲ့မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ စပိန်လူမျိုးနည်းပြ တာဝန်ယူကိုင်တွယ်ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့ပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းအတွက် မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှု ဖြစ်လာမှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ နောက်ဆုံးလိဂ်ပွဲစဉ် ၁၀ ပွဲထဲက ၇ ပွဲကို အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးလ်၊ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့ပြီး အက်စတန် ဗီလာနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ 

ဂွါဒီယိုလာက ကမ္ဘာ့ဖလားနားရက်အပြီးမှာ ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်ရာသီဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်တယ်လို့ သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ "ကျွန်တော်တို့မှာ အချိန်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ခင်ဗျား အမြဲတမ်းရှိမှာပါ။ ဒါပေမယ့် ခင်ဗျား အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့လို အသင်းတွေနဲ့ တိုက်ပွဲဝင်ရတဲ့အချိန်မှာ ခင်ဗျားမှာ အချိန်မရှိပါဘူး။ အဲဒီတော့ ချက်ချင်းပဲ ရလဒ်ကောင်းရရှိအောင် ကြိုးပမ်းရမှာပါ။ အဲဒီလိုမှ မဟုတ်ရင် ဖလားရဖို့ မဖြစ်နိုင်တော့ပါဘူး။အာဆင်နယ်ဆိုရင် ဖလားမရတာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ပြီး တစ်ခါတရံ ဒီလိုကန့်သတ်ချက်က ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်ပြီး ကျွန်တော်တို့အဲဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး ပြောကြတယ်။ ကျွန်တော်တို့ လုပ်နိုင်အောင် ကြိုးပမ်းရပါမယ်"

"ဒီကစားသမားတွေကို သံယယရှိတာကြောင့်မဟုတ်ပါဘူး။ ဘယ်လိုလုပ်ပြီး ကျွန်တော်က သံသယရှိရမှာလဲ။ ကျွန်တော် ဒီမှာ သူတို့ကြောင့် အောင်မြင်မှုတွေ ရနေတာပါ။ သူတို့တွေ အဲဒါကို လုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိတယ်။ အဲဒီတော့ တစ်ခုခုက ပြောင်းလဲရတော့မှာဖြစ်ပြီး ကျွန်တော်တို့ အဲဒီမှာ(ဇယားထိပ်ဆုံး)ရှိနေရမယ်ဆိုတာကို သိပါတယ်။ ၉၀ ကျော်ကာလတုန်းက အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့က ပရီးမီးယားလိဂ်ကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့တဲ့အချိန်မှာ ဘယ်သူက သူတို့တွေ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်လောက် ဖလားမရဘဲ ရှိနေလိမ့်မယ်လို့ မျှော်မှန်းထားခဲ့မှာလဲ။ အဲဒါက ကျွန်တော်တို့လည်း ဖြစ်နိုင်ပါတယ်။ ဒါက သတိပေးချက်လို့ ကျွန်တော် ပြောရမှာပါ။ ကျွန်တော်တို့သာ အဲဒါကို မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ နည်းပြ ဒါမှမဟုတ် ကစားသမားတွေကို ပြောင်းလဲရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခုလက်ရှိအသင်းက အဲဒီနေရာမှာ ဖြစ်နိုင်သလောက် အမြန်ဆုံး ရှိနေချင်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က