ရမ်ဆေးက အာဆင်နယ်မှာရှိနေတုန်းကယူရိုပါလိဂ်ဗိုလ်လုပွဲလွဲချော်ခဲ့ဖူးတာပါ။

ရိန်းဂျားစ်ကွင်းလယ်လူ ရမ်ဆေးဟာ ဒီကနေ့ည ဖရန့်ဖတ်နဲ့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ အားခဲထားပြီး တချိန်တုန်းက အာဆင်နယ် ကစားသမားဘဝမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြလာပါတယ်။



အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝေးလ်စ်လူမျိုး ကွင်းလယ်လူ ရမ်ဆေးဟာ (၂၀၁၉) တုန်းက အာဆင်နယ်နဲ့ချဲလ်ဆီးတို့ ဘာကူမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာပါ။ ဒါ့အပြင် အာဆင်နယ်ကလည်း ချဲလ်ဆီးကို ဗိုလ်လုပွဲမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ရမ်ဆေးက “ဥရောပပြိုင်ပွဲတခုမှာ ဗိုလ်လုပွဲကစားခွင့်ရတဲ့ အခွင့်အရေးက မကြာခဏဆိုသလို မရောက်လာပါဘူး။ ကံမကောင်းစွာနဲ့ပဲ အာဆင်နယ်နဲ့အတူ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ဗိုလ်လုပွဲ ကစားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတခါတော့ ကျနော် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”

“အဲ့ဒီတုန်းက အဖြစ်အပျက်ကို ကျနော် မှတ်မိနေတုန်းပါ။ ကျနော်တို့ အဲ့ဒီနှစ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ခဲ့တယ်၊ ချဲလ်ဆီးကို ရှုံးခဲ့ပါတယ်။ ကျနော့်အတွက် အဲ့ဒီလိုပွဲမျိုးကို ဒဏ်ရာကြောင့် လွဲချော်ရတာကို အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒီတခါမှာတော့ ကျနော့်မျှော်လင့်ချက်တွေ ပြည့်ဝဖို့ နောက်ထပ်အခွင့်အရေးတကြိမ် ရရှိနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ရမ်ဆေးဟာ ရိန်းဂျားစ်ကို (၆) လအငှားစာချုပ် နဲ့ လာရောက်ကစားနေတာဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။ ဒါပေမယ့် အနာဂတ်နဲ့ပတ်သက်လို့တော့ ရမ်ဆေးတယောက် မဆုံးဖြတ်ရသေးဘဲ ရာသီကုန်မှပဲ ဆုံးဖြတ်မယ်လို့ဆိုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က