အာဆင်နယ်၊ အဲဗာတန်တို့ကလည်း ရုရှားသူဌေးတွေနဲ့ ပတ်သက်မှုရှိခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ရုရှားအရေးနဲ့ပတ်သက်လို့ ချဲလ်ဆီးကို ပြစ်ဒဏ်တွေချမှတ်နေတဲ့အချိန်မှာ အာဆင်နယ်၊ အဲဗာတန်တို့ကလည်း ရုရှားသူဌေးတွေနဲ့ ဆက်နွယ်မှုရှိခဲ့တာကြောင့် ဒီနှစ်သင်းကိုပါ အရေးယူသင့်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။



လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ အနေအထားက တော်တော်လေးဆိုးရွားနေပြီး အသင်းရဲ့ဘဏ်အကောင့်ကိုပါ ထိန်းချုပ်ခံထားရတာကြောင့် လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲ သွားကစားဖို့အတွက်တောင် အခက်တွေ့ဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးကို ပိုင်ဆိုင်တဲ့ ရုရှားသူဌေး အေဘရာမိုဗစ်ချ်ဟာ ပူတင်းနဲ့ တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သူပါ။

လီဗာပူးနည်းပြ ကလော့ပ်ကလည်း ချဲလ်ဆီးအပေါ် ပိတ်ဆို့အရေးယူမှုတွေက မှန်ကန်တယ်လို့ ပြောကြားခဲ့ပြီး ရန်းနစ်ဂ်ကတော့ အာဆင်နယ်နဲ့အဲဗာတန်တို့ကိုပါ အရေးယူဖို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ဂ်က “လွန်ခဲ့တဲ့လေးပတ်တုန်းက ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူမှကြိုတင်မသိနိုင်ခဲ့ပါဘူး။ ကျနော်တို့က တယောက်ယောက်ကို ဝေဖန်အပြစ်တင်မယ်ဆိုရင် အရမ်းသတိထားရပါတယ်”

“ချဲလ်ဆီးမှာတင်မဟုတ်ပါဘူး။ အာဆင်နယ်နဲ့အဲဗာတန်တို့ကလည်း ရုရှားသူဌေးတွေရဲ့ ပိုင်ဆိုင်မှုရှယ်ယာတွေရှိခဲ့တာပဲလေ။ ပရီးမီးယားလိဂ်မှာ ဒါမျိုးက ချဲလ်ဆီးတသင်းတည်းရှိတာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ရန်းနစ်ဂ်ရဲ့ ပြောစကားတွေကတော့ အဲဗာတန်နဲ့အာဆင်နယ်ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

အဲဗာတန်ဟာ ရုရှားနဲ့ ပတ်သက်တဲ့ စပွန်ဆာစာချုပ်တွေကို ရပ်ဆိုင်းခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ယူကရိန်းကို ရုရှားတို့ကျူးကျော်ချင်းမှာတင် လေကြောင်းလိုင်းစပွန်ဆာအဖြစ် ချုပ်ဆိုထားတဲ့ Aeroflot နဲ့ စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့အာဆင်နယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေပြီး အာဆင်နယ်က ပွဲကျန်တွေရှိနေတာတောင်မှ ယူနိုက်တက်ရဲ့အထက် အဆင့် (၄) မှာ ရပ်တည်နေတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က