CANAL+ Myanmar ဟာ သူတို့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဘောလုံးရာသီကို အောင်မြင်စွာနဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပြီးနောက် လာမယ့် ၂၀၂၆-၂၇ ပရီးမီးယားလိဂ် ဘောလုံးရာသီကိုလည်း တိုက်ရိုက်ထုတ်လွှင့် ပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ ဘောလုံးဝါသနာအိုးတွေဆီ တကယ့်သတင်းကောင်းတခုကို CANAL+ Myanmar က ယူဆောင်လာပေးတာပါပဲ။
“ကမ္ဘာ့အဆင့်မီ ပရိသတ်အကြိုက်ဆုံး ဘောလုံးအားကစား ဖျော်ဖြေမှုများကို မြန်မာပရိသတ်များဆီသို့ ဆက်လက်တင်ဆက်နိုင်လို့ တကယ်ကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံက ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုက ကျွန်တော်တို့ကို ခွန်အားဖြစ်စေပါတယ်။ လာမယ့်ပရီးမီးယားလိဂ်၂၀၂၆-၂၇ ရာသီကိုလဲ CANAL+ မှာတစ်ဦးတည်းမူပိုင်ခွင့်နှင့် ဆက်လက်ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အတွက် အထူးပဲဝမ်းသာပါတယ်။ ပရိသတ်တွေအနေနဲ့ ကမ္ဘာ့အဆင့်မီ ဘောလုံးပွဲစဉ်တွေနဲ့ စိတ်လှုပ်ရှားစရာ ရာသီသစ်တစ်ခုကို ကျွန်တော်တို့နဲ့အတူ ဆက်လက်ခံစားနိုင်တော့မှာ ဖြစ်ပါတယ်" လို့ CANAL+ Myanmar အမှုဆောင်အရာရှိချုပ် Mr. Cyril Le Jeune က ပြောကြားခဲ့ပါတယ်။
CANAL+ Myanmar ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်တိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူ မြန်မာပရိသတ်တွေရဲ့ အကြိုက်ဆုံးအသင်းတွေထဲက တသင်းဖြစ်တဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကလည်း အဆင့် ၃ နေရာမှာ ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါတင်မကသေးဘဲ CANAL+ Myanmar ရဲ့ အခြားသော တိုက်ရိုက်ထုတ်လွှင့်မှုတခုဖြစ်တဲ့ UFC ပြိုင်ပွဲမှာလည်း မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား Joshua Van က ဆက်တိုက်အောင်မြင်မှုတွေ ရရှိကာ ပရိသတ်တွေကြား အထူးရေပန်းစားလူကြိုက်များခဲ့ပါတယ်။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်ဖရင့်လိဂ်၊ ဖော်မြူလာဝမ်း၊ ဂေ့ါဖ်ပြိုင်ပွဲတွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးနေတာမို့ ပရိသတ်တွေ စုံလင်အောင် ကြည့်ရှုခံစားရမှာပါ။
CANAL+ ရဲ့ DTT/ DTH စက်တွေကို စျေးနှုန်း ၂၉,၉၉၀ ကျပ် နဲ့ ဝယ်ယူနိုင်ကာ မိမိသဘောကျတဲ့ လစဉ်ကြေးပေးသွင်းပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရုပ်သံလိုင်းပေါင်းများစွာကို ကြည့်ရှုနိုင်ပါတယ်။
လက်ရှိ ကြေညာထားတဲ့ စျေးနှုန်းတွေက -
- ရုပ်သံလိုင်းပေါင်း (၅၀) ကျော်ပါတဲ့ ထူးရှယ်ပလပ်စ်ပက်ကေ့ချ်ကို လစဥ်ကြေး ၁၇,၉၀၀ ကျပ်၊
- ရုပ်သံလိုင်းပေါင်း (၄၀)လိုင်း ကျော်ပါတဲ့ ရှယ်ပလပ်စ်ပက်ကေ့ချ်ကို လစဥ်ကြေး ၉,၉၀၀ ကျပ်
- ရုပ်သံလိုင်းပေါင်း (၂၈)လိုင်း ပါဝင်တဲ့ မီနီရှယ်ပက်ကေ့ချ်ကို လစဥ်ကြေး ၃,၉၀၀ ကျပ်
တို့ ဖြစ်ပါတယ်။
ဒါ့အပြင် DTT/ DTH သာမက ဖုန်း၊ တက်ဘလက်တို့နဲ့ပါ ကြည့်ရှုနိုင်တဲ့
- CANAL+ App ကို လစဥ်ကြေး ၆,၀၀၀ ကျပ်၊
- စမတ်တီဗွီနဲ့လည်း CANAL+APP ကို လစဥ်ကြေး ၁၇,၉၀၀ ကျပ် ၊ ရုပ်သံလိုင်းပေါင်း (၄၉)လိုင်း ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။