အာဆင်နယ်နိုင်ခဲ့ပေမယ့် ဘာကာရှုံးခဲ့တာပါ။

ကမ္ဘာကျော်အနုပညာရှင် Drake ဟာ မနေ့ညက ကစားသွားတဲ့ လိဒ်စ်နဲ့အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ပွဲတွေမှာ ဧည့်သည်နှစ်သင်းလုံးအနိုင်ရမယ့်ဘက်ကနေ လောင်းကြေး ပေါင် (၅) သိန်း (၃) သောင်းထည့်ခဲ့ပေမယ့် ဘာစီလိုနာရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့လောင်းကြေးငွေတွေကို ဆုံးရှုံးလိုက်ရပါတယ်။



Drake ဟာ အာဆင်နယ်နဲ့ဘာစီလိုနာနှစ်သင်းလုံး အတူတကွ အနိုင်ရရှိမှသာ သူ့လောင်းကြေးငွေရဲ့ (၄.၆၈) ဆကို အနိုင်ရရှိမှာဖြစ်ပါတယ်။ တသင်းက သရေ ဒါမှမဟုတ် ရှုံးနိမ့်ခဲ့ရင် လောင်းကြေးရှုံးနိမ့်မှာဖြစ်ပြီး အာဆင်နယ်က အနိုင်ရရှိခဲ့ပေမယ့် ဘာစီလိုနာက အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် Drake တယောက် အခုလိုပဲ ငွေကြေးဆုံးရှုံးခဲ့ရတာပါ။

Drake ဟာ သူ ဒီလိုမျိုးလောင်းကြေးထပ်ထားတဲ့အကြောင်းကိုလည်း Screenshot ရိုက်ကာ ပရိသတ်တွေထံ မျှဝေခဲ့ပါသေးတယ်။ Drake ဟာ အားကစားလောကမှာ ကျိန်စာသင့်နေတဲ့လူတယောက်လို့ ပြောစမှတ်ပြုကြပြီး အသင်းတသင်းကို သူအားပေးရင် ဒါမှမဟုတ် အသင်းတသင်းက ပုဂ္ဂိုလ်တယောက်နဲ့ သူဓာတ်ပုံတွဲရိုက်လိုက်ရင် အဆိုပါအသင်းက ရလဒ်ဆိုးလေ့ရှိပါတယ်။

မနေ့ညကပွဲမှာလည်း အာဆင်နယ်က ဆာကာရဲ့တလုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား ဘမ်းဖို့ဒ်ပင်နယ်တီလွဲချော်ခဲ့သလို နောက်ဆုံးမိနစ်မှာလည်း ပင်နယ်တီပေးရမလိုဖြစ်ခဲ့ပါသေးတယ်။ ဘာစီလိုနာကတော့ ရီးရဲလ်မက်ဒရစ်ကို လုံးဝမယှဥ်နိုင်ခဲ့ဘဲ ဘာနေဗျူးကွင်းမှာ ၃-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

ဒါ့အပြင် အယ်လ်ကလစီကိုပွဲမှာလည်း Drake ရဲ့လိုဂိုကို ဘာစီလိုနာဂျာစီမှာ ဝတ်ဆင်ကစားခဲ့ပြီး ဒီအချက်ကလည်း ဘာစီလိုနာကို ရှုံးနိမ့်စေတယ်လို့ ဆိုကြပါတယ်။ Drake ဟာ လောင်းကစားဝါသနာပါသူတယောက်ဖြစ်ပြီး UFC ပွဲတွေမှာလည်း အခုလို လောင်းကြေးထပ်လေ့ရှိကာ ဒီနှစ်အစောပိုင်းမှာလည်း အမေရိကန်ဒေါ်လာ (၂) သိန်း (၇) သောင်းခွဲ လောင်းကြေးရှုံးခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က