တန်ဟက်ခ်က ဆန်ချိုကို ဝေဖန်ခဲ့ရာကနေ အစပြုခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲအပြီးမှာ တန်ဟက်ခ်ရဲ့ ပြောစကားတွေကြောင့် ဆန်ချိုအတွက် ဒေါသပေါက်ကွဲစရာဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ဆန်ချိုက အသင်းလူစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။



ဒီအကြောင်းအရာအတွက် တန်ဟက်ခ်ကို မေးမြန်းခဲ့ရာမှာတော့ တန်ဟက်ခ်က “ဆန်ချိုကို မရွေးတာ သူ့ရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကြောင့်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တိုက်စစ်ပိုင်းက အားနည်းခဲ့ပြီး ပရိသတ်တွေ၊ မီဒီယာတွေကလည်း ဆန်ချိုကို မမြင်တွေ့ခဲ့ရတဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် တန်ဟက်ခ်ရဲ့ ဒီပြောစကားက ဆန်ချိုအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဆန်ချိုက “ကျေးဇူးပြုပြီး ခင်ဗျားတို့ ဖတ်ရသမျှကို မယုံပါနဲ့။ လူတွေက လုံးဝမမှန်ကန်တဲ့ ကိစ္စတွေ ပြောနေတာကို ကျွန်တော် ခွင့်ပြုမှာ မဟုတ်ပါဘူး”

“ဒီတစ်ပတ်လုံး လေ့ကျင့်ရေးကွင်းမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အားထုတ်ခဲ့ပါတယ်။ ကျွန်တော် ဝင်ကစားခွင့်မရရင် အခြားအကြောင်းအရာတွေ အများကြီးရှိတာကို လက်ခံထားပါတယ်။ ယူနိုက်တက်မှာက တစ်ခုခုဆိုရင် ကျွန်တော်ပဲ အပြစ်ရှာခံနေရတာ အချိန်ကြာပါပြီ။ ဒါက မမျှတပါဘူး”

“ကျွန်တော် လုပ်ချင်တာက ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးကစားချင်ပြီး အသင်းအတွက် ပေးဆပ်ချင်ပါတယ်။ နည်းပြအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်အားလုံးကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော်က ကစားသမားကောင်းတွေနဲ့ တွဲကစားနေရတော့ အပတ်တိုင်းက စိန်ခေါ်မှုပါ။ ဘယ်လိုကိစ္စတွေပဲရှိပါစေ၊ ယူနိုက်တက်လိုဂိုအတွက် ကျွန်တော် တိုက်ပွဲဝင်နေဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က